25

2.3K 237 104
                                    

[ Zawgyi ]


' တွေ့ရတာဝမ်းသာပါတယ် ယူဟေးယွန်းပါ '

' အာ ဟုတ်ကဲ့ ထိုင်ပါ ဒါရိုက်တာချူပ်ယူ '

လက်ဆွဲနူတ်ဆက်လျက်ဆိုလာသော တဖက်အမျိုးသမီးကြောင့် ဟေးယွန်းလိုလိုလားလားပြုံးပြရင်း ခုံတွင်ဝင်ထိုင်လိုက်မိတယ်။ အဲလက်စ်သည်လည်း တဖက်လွတ်နေသောခုံတွင် နေရာတကျဝင်ထိုင်လိုက်ပြန်ပါတယ်။ အလုပ်ကိစ္စနှင့် ဂျယ်ဂျူဒိုကို ၁ညအိပ်၂ရက်ခရီးထွက်ရမည်ဆိုသောကြောင့် လက်တိုလက်တောင်းကူညီရန် အဲလက်စ် လိုက်ပါလာရခြင်းဖြစ်တယ်။ မန်နေဂျာဂင်လည်း ဒါရိုက်တာချူပ်ယူဘယ်သွားသွားလိုက်ရတယ်ဆိုတော့ သူလည်းလိုက်ရမည်ပေါ့။

အခန်းတွင်းမှန်အပြင်ဘက်တွင်မြင်တွေ့နေရသော ပင်လယ်ပြာနှင့်တွဲဖက်ကောင်းကင်ပြာကြီးကို ငေးကြည့်ကာ အဲလက်စ်ရင်သပ်ရူမောဖြစ်လို့နေတယ်။ဂျယ်ဂျူဒိုဆိုတာ ဒါပါပဲ...သိပ်က်ုအေးချမ်းလွန်းတယ်။

' ရောက်လာရတဲ့အကြောင်းအရင်းကို သိနှင့်ပြီးသားဖြစ်ပါမှာ...ကျွန်မတို့နဲ့ စာချူပ်ဖျက်သိမ်းဖို့ကိစ္စကိုပြန်လည်စဉ်းစားစေချင်ပါတယ် CEO '

' ဒီလိုကိစ္စတွေဖြစ်ပျက်သွားလို့ အားနာရပါတယ် ဒါရိုက်တာယူ...ကျွန်မတို့ရဲ့ဥက္ကကြီးက TEA TEN ကို ပိုသဘောကျတယ်ဆိုလို့ပါ တကယ်အားနာရပါတယ် '

' ဒါဆိုရင် ကျွန်မကို ဥက္ကကြီးနဲ့ပေးတွေ့နိုင်မလား CEOဘင်နာအွန်းရှီး...အချိန်၁နာရီလောက်ဆိုလုံလောက်ပါတယ် '

ဟေးယွန်းစကားကိုကြားတော့ အရှေ့မှအမျိုးသမီးက အားနာနေသောဟန်နှင့်ပြန်၍ဆိုတယ်။

' အယ် စိတ်မရှိပါနဲ့နော် ဥက္ကကြီးကအတွေ့ခံမှာမဟုတ်ဘူးရယ် ... ကျွန်မအနားယူဖို့အခန်းတွေလိုက်ပြပေးပါ့မယ် ရောက်လက်စနဲ ကျွန်မတို့ဟိုတယ်မှာအနားယူသွားကြပါဦးနော် '

' ကျွန်မတို့နဲ့ ပူးပေါင်းပေးပါ CEO ဘင် ... ကျွန်မတို့အတွက် ဒီပရောဂျက်က သိပ်ကိုအရေးကြီးနေလို့ပါ ရှယ်ယာရှင်တွေနဲ့လည်း သက်ဆိုင်တဲ့ပရောဂျက်မို့ လွှဲချော်လို့မဖြစ်တာမို့ပါ...တောင်းဆိုပါတယ် '

𝑪𝒉𝒐𝒄𝒐𝒍𝒂𝒕𝒆 𝑺𝒄𝒆𝒏𝒂𝒓𝒊𝒐 [ 𝐕𝐊 ]Where stories live. Discover now