19

2.5K 292 197
                                    

[ Zawgyi ]

လက်ညိုးနှင့်လက်ခလယ်ကြား ညက်ယူထားတဲ့ စီးကရက်တစ်လိပ်အား နူတ်ခမ်းဖျားသို့ တေ့ယူရိုက်သုံးရင်း ပြင်းရှရှအငွေ့တွေကို နူတ်ခမ်းနှစ်လွှာ ဟကာ ထုတ်လွှင့်လိုက်တယ်။

ကိုကိုနဲ့ထိုကောင်လေးကုမ္မဏီရှေ့မှာ ဖက်နေတာသူမြင်ခဲ့တယ်။ သူမအမြဲလိုချင်တပ်မက်မိခဲ့တဲ့ ချစ်ရည်ရွှန်းလဲ့မျက်ဝန်းညိုတစ်စုံက ဂျွန် ဆိုတဲ့တစ်ယောက်ကို ကိုကို ငေးမောလိုက်တိုင်းပုံပေါ်လာတဲ့ မျက်ဝန်းညိုတွေ...စောင့်စားနေရတဲ့ သူမ အတွက်တော့မဟုတ်ခဲ့ပြန်ဘူး။ ထားပါတော့...ဘယ်သူ့ဆီကိုဘယ်လိုပဲ သွားသွား အဆုံးသတ်ရောက်လျှင် ကိုကိုက သူ့ဆီကိုပဲ ပြန်ရောက်လာရမှာလေ။

' ဖြည်းဖြည်းသွားပြီး...ကောင်းကောင်းပြန်လာခဲ့ပါ ကိုကို '

ဟေးယွန်း၏စကားသံကိုကြားတော့ အနီးအနားတွေရှိနေသော servant တစ်ချို့ကို ကြောင်တောင်တောင်နှင့် မဝံ့မရဲခိုးကြည့်ကြတယ်။ ထိုင်နေလျက်မှ တစ်ယောက်တည်း ပြောနေသည်မဟုတ်လား။

နူတ်ခမ်းပါးနှစ်ချပ်မြှင့်တက်သွားသည်အထိပြုံးရင်း ခေါင်းကိုတစ်ဆုံးမော့ကာ ဆေးလိပ်ငွေ့တွေကိုမူတ်ထုတ်လိုက်မိတယ်။ စီးကရက်တွေက သိပ်စွဲလမ်းဖို့ကောင်းတယ်။

//

' ဒါဆို မင်းနဲ့ဘရိုက တွဲနေပြီပေါ့ !! '

' အင်း '

မျက်လုံးပြူးမျက်ဆံပြူးနှင့်မေးလာသော အဲလက်စ်ကြောင့် ဖောင်းအစ်နီရဲနေတဲ့မျက်ဝန်းကိုအရှိန်သတ်ကာ သူပြုံးပြုံးကြီးပြန်ဖြေလိုက်တယ်။တစ်နေကုန်ငိုထားတာကြောင့် မျက်အိတ်တွေဖောင်းပြီး အရှိန်မသေချင်သေးပင်။

' ရုတ်တရတ်ကြီး ! ! '

' အင်း '

' ဘရိုကတွဲမယ်လို့ပြောတာ သေချာရဲ့လားကွာ ! '

' အင်းလို့ '

အဲလက်စ် တိတ်တိတ်လေးငြိမ်ကျသွားတယ်။ရုံးခန်းထဲမှာ ကြားခဲ့တဲ့အကြောင်းတွေကို မကွယ်မဝှက်ပဲပြောပြလိုက်ချင်ပေမယ့် ဟောဒီနူတ်ဖျားက ဘာ့ကြောင့်ပြောမထွက်တာလဲမသိတော့ပါ။ ဖုန်းသွားယူတာ ဖုန်းကျန်ခဲ့လို့ အပေါ်ထပ်ပြန်တက်ပြီးလည်း သွားယူရတာလည်း ဟယ်ရီမသိဘူး။

𝑪𝒉𝒐𝒄𝒐𝒍𝒂𝒕𝒆 𝑺𝒄𝒆𝒏𝒂𝒓𝒊𝒐 [ 𝐕𝐊 ]Where stories live. Discover now