13

2.3K 271 182
                                    

[ Zawgyi ]

စင်္ကြလမ်းတစ်လျှောက် ခင်ဗျားရဲ့ကျောပြင်လေးကို ငေးရင်းလျှောက်လှမ်းလာရသည်မှာလည်း ကျွန်တော့အတွက်အရသာတစ်မျိုးသာဖြစ်တယ်။

' သူ့ကိုစာရင်းပိုင်းနဲ့ပတ်သတ်ပြီး သေသေချာချာရှင်းပြဖို့လိုမယ် '

ရုံးတွင်းအကြီးအကဲတစ်ယောက်အား စီစစ်ပြောဆိုနေသည့်အပြုံးမျက်ဝန်းများက ဘယ်လိုမှမျက်နှာလွှဲပစ်ရက်စရာမရှိဘူး။ ခင်ဗျားကိုကြည့်နေခွင့်ရတာ ကျွန်တော်သိပ်ကံကောင်းတာပဲ။

' အရင်ဆုံး ကုန်ဝင်၊ ကုန်ထွက်စာရင်းတွေကို မလုပ်ခိုင်းပဲနဲ့ စာရင်းကောက်တတ် ၊ စစ်တတ်လောက်ဆိုတော်ပြီ ပြဿ      နာမတက်စေနဲ့ '

' ဟုတ်ကဲ့ ဒုဥက္ကဥ '

' ကျွန်တော်သေချာအပ်တယ်နော် အစ်မကိုယုံကြည်လိုက်မယ် '

' အကောင်းဆုံးသင်ပြပေးပါ့မယ် '

အရှေ့မှအမျိုးသမီးက ပြုံးရင်းသူ့ဘက်ကို ကြည့်လာတော့ သူကလည်းအလိုက်တသိပြန်ပြုံးပြလိုက်တယ်။

' နာမည်က ဘယ်လိုခေါ်လဲမသိဘူး ~ အစ်မဝန်ထမ်းကဒ်လုပ်ပေးမလို့ '

အမျိုးသမီးရဲ့အမေးကို သူတောင်မဖြေရသေးခင် ထယ်ယောင်းက ဝင်ဖြေတယ်။

' ဂျွန်ဂျောင်ကု '

ကျေနပ်ပီတိဖြင့် အပြုံးရေးရေးလေးဖြတ်ပြေးသွားသည်က သူ့ရဲ့နာမည်လေးကို ထိုသူကမှတ်မိနေလို့သာဖြစ်တယ်။

' အော် ဂျွန်ဂျောင်ကုကိုး ~ ဒါဆို အစ်မက ဂျွန် လို့ခေါ်မယ်နော် '

' ဂျောင်ကုလို့ပဲ ခေါ်ပါ ... '

ဒိန်းခနဲဖြစ်သွားသည့်ခံစားချက်နှင့် ထိုသူ့ဘက်အူတူတူငေးကြည့်မိတော့ ထိုသူက ပြုံးလျက်ပြောနေခြင်းသာဖြစ်တယ်။ ခုနကျတော့ အစ်မလို့ခေါ်ပြီး အခုချက်ချင်း အမိန့်ဆန်ဆန်အပြုံးနှင့် ဖြစ်သွားရောလား။

' အော ကျွန်မတောင်းပန်ပါတယ် ဒုဥက္ကဌကင် '

' တောင်းပန်စရာမလိုပါဘူး။ အဓိကက ဂျွန့်ကို အခက်အခဲမရှိလိုက်ပြသင်ကြားပေးဖို့ပဲ ~ ဒါဆို '

𝑪𝒉𝒐𝒄𝒐𝒍𝒂𝒕𝒆 𝑺𝒄𝒆𝒏𝒂𝒓𝒊𝒐 [ 𝐕𝐊 ]Where stories live. Discover now