""Unicode""
❄️ဆောင်းနဲ့အတူနိုးထခဲ့ပြီ❄️
☃️☃️ Yizhan Fanfic ☃️☃️
🎄🎄 Part 3 🎄🎄
ဝမ်တိုင်းပြည်မှာ မင်းသားလေးမွေးချိန်မှာတော့ လေပြင်းများစွာတိုက်နေတော့တယ်။
တိုင်းသူပြည်သားအားလုံးလည်းကြောက်လန့်ကုန်ကြတယ်။
ကလေးငယ်တွေမှ စကာ အမှုန်အဖြစ်ပျောက်ကွယ်သွားကြတော့တယ်။
ထို့နောက် တဖြည်းဖြည်း လူငယ်တွေနဲ့ သက်လတ်ပိုင်းတွေပျောက်ကုန်တယ်။
နောက်ဆုံး အသက်ကြီးသူတွေပါပျောက်ကုန်တော့တယ်။
နေအိမ်အဆောက်အဦးအားလုံးလည်း ထို့အတူပင်။
တိုင်းပြည်ကြီးဟာ ဟင်းလင်းပြင်ကြီး တစ်ခုလိုဖြစ်လာတော့တယ်။
နောက်ဆုံးကျန်နေတာကတော့ နန်းတော်ကြီးရယ် ၊နတ်ဆရာတွေရယ်၊ မင်းကြီး နဲ့ ခုမှမွေးဖွားလာတဲ့ ဝမ်ရိပေါ် ဆိုတဲ့ မင်းသားလေးသာ။
""ဘယ်လိုဆက်လုပ်ကြမလည်းနတ်ဆရာတို့""
""မင်းသားလေးကို ကျောက်ဖျာတစ်ခုပေါ်ကိုတင်ခဲ့ရပါမယ်၊ အဲ့အပေါ်ရောက်တာနဲ့ ချက်ချင်း အသက်၂၀အရွယ်ကိုပြောင်းသွားပါလိမ့်မယ် ရာစုတစ်ခုရဲ့ ဆောင်းရာသီအချိန်မှာပြန်လည်နိုးထလာပါလိမ့်မယ်။
ဒါနဲ့ပဲ နန်းတော်နောက်ဘက် ရေအိုင်စပ်နားက ကျောက်ဖျားနားကိုရောက်လာခဲ့ကြတော့တယ်။
မင်းသားလေးမှာမွေးပြီးစကေလးပေမဲ့ ငိုသံတစ်စက်မှမထွက်ပေ။
ကျောက်ဖျာပေါ်ကိုမင်းသားလေးအားတင်လိုက်သည်နှင့်တပြိုင်နက်
မင်းသားလေးဟာ အသက်၂၀ အရွယ်သို့ပြောင်းကာ ပကတိကျောက်သားအတိုင်းဖြစ်သွားတော့တယ်။
နတ်ဆရာကြီးဟာ ကျောက်ဖျာပေါ်မှာ ""ခေတ်တခေတ်မှာပြန်လည်မွေးဖွာလာမည့် မင်းသားဝမ်ရိပေါ် ""လို့ ရေးလိုက်တော့တယ်။
အဲ့အချိန်မှာပဲ ပတ်ဝန်းကျင်မှ အသံပေါင်းစုံမြည်သီးဟာ ဟင်းလင်းပြင်ကြီးအဖြစ်ပျောက်ကွယ်သွားတော့တယ်။
YOU ARE READING
ဆောင်းနဲ့အတူနိုးထခဲ့ပြီ (Uni+ Zyi)(Ongoing)
Fanfictionသာသာရဲ့ပြိုင်ပွဲဝင်Yizhan fan ficလေးကိုအားပေးကြပါအုံးနော်။ Fantasy အမျိုးအစားဖြစ်လို့ တမျိုးလေးဆန်းနေမှာပါနော် မနက်ဖန်ကစပြီး ရေးပြီးတဲ့ အပိုင်းတိုင်းupပါမယ်ရှင့်။ Wp တစ်ခုထဲကတင်ရမို့ အားပေးကြပါအုံးနော်။ဒါဒါလေးတို့aini