❄️ဆောင်းနဲ့အတူနိုးထခဲ့ပြီ❄️
☃️☃️ Yizhan Fanfic ☃️☃️
🎄🎄 Part 5 🎄🎄
""မင်းသားလေးနဲ့ လူစိမ်းတစ်ယောက်ညီလာခံထဲဝင်လာပါတယ်""
နန်းတော်တံခါးစောင့်မှ အသိပေးတော့တယ်။
""အားလုံး မက်တပ်ရပ်ကြပါ""
မင်းကြီးဘေးနားက ကုန်းကုန်းမှ ပြောလေတော့တယ်။
မင်းကြီးကတော့ ပုလ္လင်ပေါ်ထိုင်လို့ပေါ့။
သမီးတော်ထဲမှ အကြီးဆုံးမင်းသမီးဖြစ်သော ""လီဖေး"" မင်းသမီးမှ
""မယ်တော် သမီးတော်တို့ဘာဖြစ်သွားတာလည်းဟင် ပြီးတော့ မင်းသားလေးဆိုတာကကောဟင်""
""မယ်တော်လည်း မသိပါဘူးကွယ် အိပ်နေရင်းနဲ့ သတိပြန်ဝင်တော့ ဒီထဲရောက်နေတာပါပဲ""
""နတ်ဆရာတို့ပဲသိမှာပေါ့ကွယ် သမီးတော်တို့ရဲ့ မောင်ငယ်လေးမွေးလာခဲ့ပြီလေ""
""တကယ်လားမယ်တော် မင်းသားငယ်လေးမွေးဖွားခဲ့ပြီပေါ့နော်""
""အင်း ခနနေရင်မယ်တော်တို့တွေ့ရတော့မှာပါ""
""ပျော်လိုက်တာ မယ်တော် သမီးတော်တို့ လိုချင်နေတာ ခုမှရတော့တယ်""
""မင်းကြီး နန်းမွေဆက်ခံလို့ရပြီပေါ့ကွယ်""
လီဖေး လည်း ပျော်ရွှင်စွာဖြင့် ကျန်တဲ့ ညီမ ကိုးယောက်ကို ပြောပြလိုက်တော့တယ်။
အားလုံးလည်းပျော်ရွှင်နေကြတာပေါ့။
သူမတို့ နှစ်၂၀လောက်စောင့်မျှော်ခဲ့ရတာ၊ အမြဲတမ်း နန်းတော်ရှေ့ညောင်ပင်ကြီးမှာတောင်းခံခဲ့ရတာပင်။
ညမအငယ်ဆုံး ယုယု ရဲ့ ဆုတောင်းမှားမှုကြောင့် မရနိုင်တော့ဘူးထင်ခဲ့တာ၊ ထိုအကြောင်းကိုတော့ သူမတို့မှလွဲ၍ မည်သူမျှမသိကြပါချေ။
ပြန်လည် ထုတ်ဖော်ပြောဆိုမည် တော့မဟုတ်ပါ ။
ကျန်ခဲ့တဲ့ အချိန်တွေက ပြန်ပြောကောင်း မနေခဲ့လို့ပင် ။
သူများတွေလို ရဲရင့်တဲ့မောင်ငယ်လေးရချင်နေခဲ့တာ အခုတော့ ဆုတောင်းပြည့်ခဲ့ပြီ။
YOU ARE READING
ဆောင်းနဲ့အတူနိုးထခဲ့ပြီ (Uni+ Zyi)(Ongoing)
Фанфикသာသာရဲ့ပြိုင်ပွဲဝင်Yizhan fan ficလေးကိုအားပေးကြပါအုံးနော်။ Fantasy အမျိုးအစားဖြစ်လို့ တမျိုးလေးဆန်းနေမှာပါနော် မနက်ဖန်ကစပြီး ရေးပြီးတဲ့ အပိုင်းတိုင်းupပါမယ်ရှင့်။ Wp တစ်ခုထဲကတင်ရမို့ အားပေးကြပါအုံးနော်။ဒါဒါလေးတို့aini