အပိုင်း(၆) Unicode

121 22 4
                                    

❄️ဆောင်းနဲ့အတူနိုးထခဲ့ပြီ❄️

☃️☃️ Yizhan Fanfic ☃️☃️

🎄🎄 Part 6🎄🎄

ရှောင်မား၊ကျိုးချန်၊ဖန်ရှင်းတို့ ၃ယောက်သား ရဲကားများနဲ့အတူ တောင်ပတ်လမ်းကိုတဖန်ပြန်ရောက်လာကြတော့တယ်။

တောင်ခြေသို့ကား‌အားလုံးရောက်သည်နှင့် ရဲများသာမက ရဲခွေး ၃ကောင်လည်း ကားပေါ်က ဆင်းလာကြတော့တယ် ။

ကောကျင့် လည်း ကားပေါ်မှ ဆင်းကာ ရှောင်မားဆီလာပြီး

""အန်တီ ပျောက်သွားတဲ့ညီလေးရဲ့ အကျီစဖြစ်ဖြစ်တစ်ခုခုရမလား ဒီလေ့ကျင့်ထားတဲ့ခွေးတွေနဲ့ အနံ့ခံရှာခိုင်းရမှာ""

""သူသုံးနေကြ လက်ကိုင်ပဝါလေးတော့ပါတယ်ရမလား""

""ရတယ် အန်တီ သူ့အနံ့အသက်ပါရင်ရပြီ""

ရှောင်မားလည်း သူ့အိပ်ထဲဆောင်ထားတဲ့ ရှောင်ကျန့် လက်ကိုင်ပဝါလေးကိုထုတ်ပေးလိုက်တယ်။

ကောကျင့်လည်း ထိုလက်ကိုင်ပဝါကိုယူကာ ခွေး၃ကောင်အားအနံ့ခံစေလိုက်တယ်။

အနံ့ရသွားသည်နဲ့ ခွေးများကို ရူးတိုက်ကာသွားခိုင်းတော့တယ်။

ရူးးရူးး သွားသွားသွား

ရဲခွေးများလည်း မာဖလာတွေ့သည်ဆိုသောနေရာနားတဝိုက် အနံ့လိုက်ခံတော့တယ်။

သူတို့လည်းနောက်ကနေအသာလိုက်ကြလေတယ်။

သွားနေရင်းစကားများလည်းပြောကြသေးတယ်။

""အန်တီ ကျန့်ကြီး အဆင်ကော‌ပြေပါ့မလားဟင်""

""အန်တီလည်းစိတ်ပူလိုက်တာသားကျိုးချန်ရာ မင်းသူငယ်ချင်းကသိတဲ့အတိုင်းပဲ အိမ်မှာဆိုလည်း ဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်ဘူး မီးမရှိတဲ့နေရာရောက်လို့ မီးတောင်ဘာနဲ့မွှေးရမှန်းသိမှာမဟုတ်ဘူး""

""ရမှာပါ အန်တီရဲ့ သူကသားတို့ထက်သဘာဝတရားတွေကို ပို နားလည်သိကျွမ်းထားတာကို""

""သူ့ရဲ့ သိကျွမ်းမှုက စာတွေ့သာများတာ သားဖန်ရှင်းရဲ့ စူးစမ်းတယ်ဆိုတာ သူကစာအုပ်ထဲသာမှတ်ထားတာ တကယ်သူ့လက်တွေ့က သူ့သုတေသနခန်းထဲပဲရှိတယ်""

ဆောင်းနဲ့အတူနိုးထခဲ့ပြီ (Uni+ Zyi)(Ongoing)Where stories live. Discover now