❄️ဆောင်းနဲ့အတူနိုးထခဲ့ပြီ❄️☃️☃️ Yizhan Fanfic ☃️☃️
🎄🎄 Part 1 🎄🎄
မိုးအကုန်ဆောင်းအကူး မနက်ခင်း ငွေနှင်းမှုံလေးများမြေပေါ်သို့ လွှင့်စင်ကျရောက်နေသော ဒီဇင်ဘာလရောက်ခါနီး အချိန်တွင်မနက်တိုင်းလမ်းထလျှောက်တတ်သော ရှောင်ကျန့် တစ်ယောက် မနက်၄နာရီလောက်ကတည်းက အိပ်ယာကထပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အားကစားဝတ်စုံဝတ်ကာ တောင်ခြေလမ်းအတိုင်း ထွက်လာခဲ့ပါတော့သည်။
ဆောင်းရာသီဟာ ဥတုရာသီ အားလုံးထဲမှာမှ အလှဆုံးဖြစ်တယ်လို့ အချို့သောလူများက ယူဆထားကြသလို ရှောင်ကျန့်လည်းတစ်ယောက်အပါအဝင်ပဲပေါ့။
တောင်ပေါ်မြို့လေးတစ်ခုဖြစ်သောကြောင့် ဆောင်း အခါ၌ တခြားဒေသများထက်ပင်ပိုအေးပါတယ်။
ရှောင်ကျန့်သည် အသက်၂၅ ဝန်းကျင်လူငယ်လေးတစ်ယောက်ဖြစ်ပြီး အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ပိန်ပိန်ပါးပါး နဲ့ မျက်မှန်ဝိုင်းလေးကိုတပ်ကာ မင်းသား တစ်ယောက်အလား ချောမောလှသူလည်းဖြစ်လေသည်။
သူ့ရဲ့အလှကိုပိုပန့်ပိုးသည်ကပန်း သွေးရောင် နှုတ်ခမ်းအောက်ကမဟူရာရောင် မှည့်နက်လေးပင်။
မိမိအသားရည်ကို ဂရုစိုက်တတ်ပြီး ကျန်းမာရေးကိုလဲ အလေးထားသူပီပီ နေ့စဉ် ကိုယ်ကာယ လေ့ကျင့်ခန်းကိုလည်း ပြုလုပ်လေ့ရှိသောကြောင့် ခန္တာကိုယ်မှာကျစ်လစ်ပြီး ကြည့်ကောင်းလှတယ်။
အားကစားလုပ်ချိန်သာ သူ့နားချိန်ဖြစ်ပြီး ကျန်အချိန်များမှာတော့ သုတေသနလုပ်ငန်း ထဲတွင်သာအချိန်ကုန်နေသောကြောင့်ဖြစ်တယ်။
ရှောင်ကျန့်အိမ်မှ ထွက်လာပြီး လမ်းခဏလျှောက်လိုက်သည်နှင့် တောင်ပတ်လမ်းသို့ ရောက်ရှိလာခဲ့လေတယ်။
တောင်းပတ်လမ်းတလျောက်လူများလည်းစည်ကားနေလေတယ်။
မနက်မိုးလင်းစတောင်ပေါ် ဒေသ၏ အလှတရားများ၊ မြူနှင်းဝေနေသော တောင်တန်းကြီးများနှင့် ပန်းပေါင်းစုံဖူးပွင့်နေသော ပန်းစိုက်ခင်များကိုကြည့်ရသည်မှာအလွန်ပင် စိတ်ကြည်နူးဖို့ကောင်းပါတယ်။
YOU ARE READING
ဆောင်းနဲ့အတူနိုးထခဲ့ပြီ (Uni+ Zyi)(Ongoing)
Fanficသာသာရဲ့ပြိုင်ပွဲဝင်Yizhan fan ficလေးကိုအားပေးကြပါအုံးနော်။ Fantasy အမျိုးအစားဖြစ်လို့ တမျိုးလေးဆန်းနေမှာပါနော် မနက်ဖန်ကစပြီး ရေးပြီးတဲ့ အပိုင်းတိုင်းupပါမယ်ရှင့်။ Wp တစ်ခုထဲကတင်ရမို့ အားပေးကြပါအုံးနော်။ဒါဒါလေးတို့aini