Devil & Angel
Ep-1
"LUHAN!!!"
လောကမှာ ကျွန်တော်အကြောက်ရဆုံးခေါ်သံ...ငယ်ငယ်ကတည်းက သူ့ရဲ့ ပုံသွင်းမှုကို ခံလာရသည့်ကျွန်တော် သူ့ကိုမျက်နှာ စေ့စေ့မကြည့်ရလောက်အောင်ကြောက်သည်။ ဆိုးလှပါချည့်ရဲ့ဆိုတဲ့ ကျောင်းက ဆရာတွေကိုတောင် သူ့လောက်မကြောက်ခဲ့တာ တကယ်ပါ~~~~ သူ့ရဲ့အသံကိုကြားလိုက်သည်နှင့် ကျွန်တော့် ဝိညာဉ်ပဲ လွင့်သွားသလိုလို~~~
Luhan- Se....sehun...ဘာလို့လဲ။
ကျွန်တော့် သူ့ရှေ့မှာ လုံးဝကုတ်နေမိသည်။ အမြီးပြတ်နေသည့် ကြောင်တစ်ကောင်လိုမျိုး
Sehun- ငါခေါ်နေတာ ဘာလို့ချက်ချင်းမလာတာလဲ!!!! ဘာလဲ မင်းက အာခံချင်နေတာလား!!!!
Luhan- အဲ့..အဲ့လို မဟုတ်ပါဘူး~~ ကျွန်တော်...
ကျွန်တော်စကားတောင် မဆုံးသေး~~ သူ ကျွန်တော့်မျက်နှာကို ထိုးချလိုက်သည်။ လဲကျသွားသော ကျွန်တော့်ကို သူခြေထောက်နဲ့ ဆက်တိုက်ကန်လေသည်။ သွေးများ ပါးစပ်က စီးကျလာသော်လည်း ကျွန်တော် ကျင့်သားရနေပါပြီ။ ငယ်ငယ်ကတည်းက ကျွန်တော် သူ့ဒဏ်တွေကို ခံလာတာပဲ~~~
Sehun- သွားတော့!!!! မင်းမျက်နှာကို မမြင်ချင်ဘူး!!!! ချက်ချင်း ငါ့အခန်းထဲက ထွက်သွား!!!!
ပါးစပ်ကနေ စီးကျနေသော သွေးတွေကို သုတ်လိုက်ကာ အခန်းထဲက ထွက်လာလိုက်သည်။ သူကတော့ ကျွန်တော့်ကို ကျောပေးလျက်~~ သူနဲ့ ကျွန်တော် ဘာတော်တယ် ထင်လဲ~~ အားလုံးက ထင်ကြမှာပါ..ကျွန်တော်က သူ့အစေခံလို့~~~ တကယ်တော့ သူက ကျွန်တော့် မိထွေးဘက်က ပါလာသည့်ညီလေးပါ~~ သူကျွန်တော့်တို့ အိမ်ရောက်တုန်းက အသက်၁၀နှစ်ပဲ ရှိသေးတယ်~~~ အဲ့ကတည်းက သူ့ကျွန်တော်ကို လွမ်းမိုးနိုင်ခဲ့တာပါ~~ သူသာ ရောက်မလာခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်တော် တစ်ခါမှ မတွေးမိပါဘူး~~~ သူက ကျွန်တော့်အတွက် ဘယ်တော့မှ မပြောင်းလဲတဲ့ ညီလေးတစ်ယောက်ပါပဲ~~~
■■■■■■■■■
" အရသာ ရှိမှာပဲ~~"
ကျွန်တော်တို့အိမ်နားမှာ လာဖွင့်သည့် coffee shop ဆိုင်လေးကို ပြတင်းပေါက်ကနေ ချောင်းကြည့်ရင်း ရေရွတ်လိုက်မိသည်။ ထွက်ပြီး ပြေးဝယ်ချင်ပေမယ့် ပိုက်ဆံကလည်း လက်ထဲမှ တစ်ပြားမှ မရှိ~~ ထမင်းတောင် Sehun ကျွေးသည့် အချိန်မှ စားရတာ..တစ်ခါတစ်လေ သူရုံးက စိတ်တိုပြီး ပြန်လာတဲ့နေ့ဆို Luhan တို့ ငတ်ပဲ~~~