Episode-4

985 85 7
                                    

Devil & Angel

Ep-4

ည ၁နာရီ,

Sehun တံခါးကို အသာလေး ဟဝင်လာခဲ့သည်။ coat အင်္ကျီလေးကို ချွတ်ပြီး ဆိုဖာပေါ် တင်လိုက်ကာ အသက်မပါသည့် မျက်ဝန်းက တစ်ခုခုကို ရှာနေမိသည်။ ခါတိုင်းဆို Sehun ဘယ်လောက်ပဲ နောက်ကျကျ အမောတကောနှင့် သူဆီ ပြေးလာတတ်သည့် အသံပိုင်ရှင်က ဒီနေ့တော့ အတော်လေး တိတ်ဆိတ်နေလေသည်။ သူမနက်က ရိုက်လိုက်တာ အရမ်းပြင်းသွားလို့များလား~~~

Sehun ရဲ့ ခြေလှမ်းတွေက အပေါ်ထပ်က ခေါင်မိုးထပ်ဆီ ဦးတည်နေမိသည်။ ဘွိုင်လာမရှိ၊ ကုတင်မရှိသည့် ထိုအခန်းတွေ စောင်ပါးပါးလေး တစ်ထည်ခြုံကာ ကြမ်းပြင်မှာ ကွေးနေသည့် ကောင်လေးကို မြင်လိုက်ရတော့

Sehun ရင်ထဲ အမည်မသိ ခံစားချက် ဝင်လာသည်။

Sehun- ငါအခု သူ့ကို သနားနေတာလား~~ အဓိပ္ပါယ်မရှိတာ~~ သူဟာသူ အေးခဲပြီး သေရင်တောင် ငါနဲ့ ဘာမှမဆိုင်ဘူး~~ သူက ငါ့အတွက် နှိပ်စက်စရာ ခွေးတစ်ကောင်သက်သက်ပဲ~~~

Sehun Devil smile ပြုံးလိုက်ကာ လှည့်ထွက်မည်အပြု

Luhan- Hun လေး~~ hun လေး~~

ထိုညည်းသံကြောင့် Sehun ခြေလှမ်းများ ရပ်တည့်သွားသည်။ Luhan အသိဥာဏ်မရှိတာလား~~ ရိုးလွန်းတာလား~~ ဒီလောက်နှိပ်စက်နေတာတောင်မှ သူ့နာမည်ကို ရေရွတ်နိုင်သေးတယ်ပေါ့??

Sehun- မင်းက တကယ့်ပြဿနာကောင်ပဲ Luhan~~

Luhan ကိုကြည့်ကာ သက်ပြင်းချရင်း ရေရွတ်လိုက်လေသည်။

Sehun- မင်းသာ သာမန်လူဖြစ်ခဲ့မယ်ဆိုရင်~~~ ဒီအိမ်နဲ့ လားလားမျှ မပတ်သက်တဲ့ လူတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် ငါ..ငါ မင်းတစ်ယောက်တည်းကိုပဲ ကြည့်ပြီးနေနိုင်မှာ~~~ ဘာဖြစ်လို့များ~~ဘာဖြစ်လို့များ~~~~

ရှိုက်သံတွေ ရောစွတ်နေသည့် Sehun စကားတွေကို ကလေးလေးတစ်ယောက်လို အပြစ်ကင်းစွာ အိပ်ပျော်နေသည့် သူတစ်ယောက်သာ ကြားသိနိုင်မယ်ဆိုရင်~~

                    ♡♡♡♡♡♡♡♡

The next day's morning,

At M group,

"Ya!!!! Park Chanyeol!!!"

ချစ်လှစွာသော ကျွေးဖခင်၏ အသံက ရုံခန်းတစ်ခုလုံး ဟိန်းထွက်သွားသည်။ Chanyeol လည်း သူ့အဖေ၏ အသံအောင်ပုံနဲ့ဆို ကြာရင် နားဆေးရုံပြရမည့် အခြေအနေမှာ ရှိသည်။

Devil & AngelWhere stories live. Discover now