Devil & Angel
Ep-3
ဧည့်သည်ထွက်သွားသည့် နေရာအထိ လိုက်ကြည့်နေသော အမောင် Chanyeol ကိုကြည့်ရင်း ရယ်ချင်မိသည်။ တကယ့် ကမ္ဘာ playboy ကြီးက အခုတော့ ယောကျာ်းတစ်ယောက်ကို အသည်းအသန်လိုက်ကြည့်လို့!
Xiumin- မျက်လုံးကြီးလည်း ကျွတ်ကျပြီး ကျန်ခဲ့ဦးမယ်!! သရေလေး ဘာလေး သုတ်ဦး!! ငမ်းတာ ယောကျာ်းလေးတောင် မချန်ဘူး!!
Chanyeol- ဘယ်သူက ငမ်းနေလို့လဲ!! တော်ပြီ! ပြန်တော့မယ်!!
ရှက်ရှက်နှင့် ထွက်သွားသော Chanyeol ကိုကြည့်ရင်း Xiumin မှာ စပ်ဖြီးဖြီး ရုပ်ဖြင့် ကျန်ခဲ့သည်။
Xiumin- ဒီလောက် ကျွတ်ကျမတတ် ပြူးပြဲကြည့်နေတာကိုများ~~
♡♡♡♡♡♡♡♡♡
Sehun- green house စီမံကိန်းအတွက် မြေကွက်ရှာတာ ဘယ်လို အခြေအနေလဲ
Sehun စာရွက်စာတမ်းတွေကို လက်မှတ်ထိုးရင်း Kris ကို မော့မကြည့်ပဲ မေးလိုက်သည်။
Kris- သင့်တော်တဲ့ မြေကွက်ကို တွေ့ထားပေမယ့် အဲ့မြေကွက်ကို M group ကလည်း စိတ်ဝင်စားနေတဲ့ ပုံပါပဲ~~~
Kris သည် K group တွင် Sehun ၏ ယုံကြည်မှုကို ရရှိထားသည့် တစ်ဦးတည်းသောသူဖြစ်သည်~~ အလုပ်လုပ်ရာ၌ အလွန်စေ့စပ်သေချာပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း တစ်နေ့ စကားတစ်လုံးပြောဖို့တောင် အလွန်ခဲယဉ်းသော တေမိမင်းသားဖြစ်သည်။ သူ့အတွက် Sehun က No.1 ၊ အလုပ်က No.2~~
Sehun- လာပြန်ပြီ M group!! ငါတို့ လုပ်သမျှကို လိုက်နှောင့်ယှက်နေတော့တာပဲ~~ Kris အဲ့မြေကွက်ကို ရအောင်ယူပါ~~ ကြားလား~~ M group ရသွားတယ်ဆိုတဲ့အသံ မကြားချင်ဘူး~~
Kris- nae~~ အကောင်းဆုံး ကြိုးစားပါ့မယ်
♡♡♡♡♡♡♡
Chanyeol တစ်ယောက် သူ့အစ်ကို coffee shop ဆီက ပြန်လာကတည်းက တစ်လမ်းလုံး မျက်နှာက စပ်ဖြီးဖြီး ဖြစ်နေသည်။ သူ့အတွေ့ချင်ဆုံးကို တွေ့လိုက်ရတော့~~~
Chanyeol-* Hyung အများကြီး ပြောင်းလဲသွားတယ်! ဒါပေမယ့် အရင်လို ကြည့်ကောင်းတုန်းပဲ*