Episode-2

848 69 2
                                    

Devil & Angel

Ep-2

"Se..hun.. ပြန်လာပြီလား"

ခေါင်းကို ငုံ့ထားပြီး တံခါးဖွင့်ပေးကာ မေးလိုက်သော Luhan ကို အဖတ်တောင် မလုပ်ပဲ အိမ်ထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် သူ့အတွက် ဝယ်လာသည့် ထမင်းကြော်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ ခွေးကို ကျွေးသလို ပုံစံမျိုးပေါ့~~~

Luhan- ကျေးဇူးတင်ပါတယ်~~

ထိုအထုပ်လေးကို ကောက်ရင်း တိုးတိတ်ညင်သာစွာ ရေရွတ်လိုက်သည့် သူ့အသံ~~~  တော်တော်လေးကို သနားစရာကောင်းနေသည်။ သို့သော် Oh Sehun တို့အဘိဓာန်မှာ ကြင်နာသနားခြင်းဟူသော စကားလုံးမရှိ!

Sehun- အခန်းထဲ လာခဲ့!!

Luhan သိလိုက်ပါပြီ! သူ့အတွက် ဒဏ်ရာ ဒဏ်ချက်ပေါင်းများစွာရမည့် ငရဲတစ်ညကို ဖြတ်ကျော်ရဦးမည်ဆိုတာ~~~

                  ♡♡♡♡♡♡♡♡♡♡

" Good morning"

မနက်စောစော စီးစီး good morning လာလုပ်နေသောသူကိုကျွန်တော်အပြူးသားကြည့်နေမိသည်။

Xiumin- ရော့!

ထပ်ယူလာပြန်ပြီ~~ cake & coffee

Luhan-  ဒါက ဘာလဲ။

Xiumin- ဒါ..ဒါကလေ..... အိမ်နီချင်းတွေကို ပေးတဲ့ လက်ဆောင်ပါ။ နောက်ဆို အကူအညီတောင်းပါတယ်.. ကျွန်တော့်နာမည် Xiumin ပါ! ခင်ဗျားရဲ့ နာမည်ကော!

Luhan- ကျွန်တော့်နာမည်ကို ဘာလို့လဲ??

Xiumin- ဒီလိုပါပဲ.. အိမ်နီးချင်းတွေဆိုတော့ နာမည်တွေလောက်တော့ ရင်းနှီးထားချင်လို့~~

ကျွန်တော် သူ့ရဲ့ တောင်ကြည့် မြောက်ကြည့် ရှိသမျှ အကြံဥာဏ်တွေ ထုတ်ကာ ပြောနေသည့် ပုံစံလေးကို သဘောကျကာ ရယ်မိသည်။ လုံးဝသူ့ပုံစံလေးက ပေါက်စီလေးနှင့် တူသည်။

ထိုစဉ် ကားဟွန်းသံ ကြားလိုက်သည်။ သေချာသည်၊ ဒါက Sehun ကား!! ဒီအချိန်ကြီး ဘာကိစ္စနဲ့!!

Luhan- မြန်မြန်သွားပါတော့.. နောက်မို့ဆို ပြဿနာတက်လိမ့်မယ်~~

တံခါးကို အလောတကြီး ပိတ်လိုက်သောကြောင့် Xiumin မှာ ကြောင်တောင်တောင်လေး ကျန်ခဲ့သည်။ ထိုစဉ် နောက်ကနေ

Devil & AngelWhere stories live. Discover now