Episode-5

1K 90 6
                                    

Devil & Angel

Ep-5

Luhan- Se..se..sehun! စောစောက ဘယ်သူလဲ~~~

ကြောက်ကလည်း ကြောက်! မေးကလည်း မေးချင်တော့ အခန်းထဲ ဒေါသပုန်နှင့် ဝင်လာသည့် Sehun ကို ခေါင်းလေးငုံ့ကာ ထစ်ငေါ့ ထစ်ငေါ့နှင့် မေးလိုက်မိသည်။

Sehun- မင်းသိစရာမလိုဘူး!!! ပြီးတော့မင်း!!!!

ဒေါသမီးတောက်နေသည့် အသံနှင့် အော်ထည့်လိုက်သောအခါ ကျွန်တော် Luhan နှလုံးပါ ရပ်သွားသည်။

Sehun- အခုတလော အကျင့်တွေ အရမ်းပျက်နေတယ်~~~ ဘယ်တုန်းက ငါ့ကို အဲ့လို မေးခွန်းထုတ်ဖူးလို့လဲ။ မင်းမှာ တစ်ယောက်ယောက် ရှိနေပြီလား~~~

ကျွန်တော့်ကို မေးနေတဲ့ Sehun ပုံစံက အရမ်းထူးဆန်းနေလွန်းလို့ ကျွန်တော်တောင် ပါးစပ်အဟောင်းသားနှင့် ကြောင်ကြည့်နေမိသည်။ ကျွန်တော်ကို ဆုံးရှုံးစိုးလို့ စိတ်ပူနေသည့် ပုံစံဖြင့်~~~ ကျွန်တော်အခု အိမ်မက်မက်နေတာလား~~ Oh sehun က ကျွန်တော့်ကို ဒီလို expression ပြတယ်ဆိုတာ ကမ္ဘာကြီး ၂ခြမ်းကွဲတာထက် ပိုဆိုးသည်။

Sehun- ထားလိုက်တော့~~

ကျွန်တော်တစ်ယောက်တည်း အတွေးများနေစဉ်မှာပဲ သူ့မျက်နှာ ရုတ်တရပ် ကြမ်းခင်းပေါ်ထိုင်နေသည့် ကျွန်တော့်နားကပ်လာသည်။ oh my god! Sehun ရဲ့ အသက်ရှူသံတွေကိုတောင် အတိုင်းသားကြားနေရကာ ကျွန်တော် Luhan ရဲ့ brain ကလည်း လုံးဝ blank ဖြစ်သွားသည်။ ပြူးကြောင်ကြောင်လေးနှင့် Sehun ကို ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်ဖြစ်နေသည်။

Sehun-  မင်းသိထားရမှာက ဒီကမ္ဘာပေါ်မှာ မင်းနဲ့ ပတ်သက်ရမယ့် တစ်ဦးတည်းသာသူက ငါပဲဖြစ်ရမယ်~~ အဲဒါကို မြဲမြဲမှတ်ထား~~~

Sehun ဘာတွေပြောနေမှန်းမသိ..ပြောတော့ ပြောနေတာပဲ~~ ကျွန်တော့်အာရုံက သူ့စကားသံတွေ ရိုကိုမရှိပါ~~~ သူ့နဖူးမှာ စို့နေသည့် ချွေးတွေကိုသာ သတိထားကြည့်နေမိသည်။ ကျွန်တော်က သူနဲ့ နှစ်ပေါင်းအကြာကြီး နေလာတဲ့ သူပဲ~~ သူ့အခြေအနေ မဟန်တာ ကျွန်တော်ရိပ်မိတာပေါ့~~ ကျွန်တော်တောင် သတိထားမိဘဲ ကျွန်တော့်လက်တွေက သူ့နဖူးပေါ် ရောက်သွားသည်။

You've reached the end of published parts.

⏰ Last updated: Apr 27, 2015 ⏰

Add this story to your Library to get notified about new parts!

Devil & AngelWhere stories live. Discover now