(Jin sideလေးကိုအရင်ရေးမှာပါ)
ကျွန်တော့်နာမည်က Jinပါ...Kim Seok Jin။ကျွန်တော့်ဘဝတစ်လျှောက်လုံးကို စိတ်ချမ်းသာ၊ပျော်ရွှင်ဖို့ကောင်းနဲ့ မိသားစုလေးနဲ့ အတူတူဖြတ်သန်းလာခဲ့တာပေါ့။
ကျွန်တော်က သာမာန်လူတစ်ယောက်ပါပဲ။ကျွန်တော့်ဘဝအတွက်အရေးအကြီးဆုံးကတော့ ကျွန်တော့်မိသားစုပေါ့။ဒီလို ပျော်ရွှင်တဲ့ဘဝလေးကိုပဲ ကျွန်တော်အေတာ်ကျေနပ်လှပါပြီ။ဒါပေမဲ့ အထက်တန်းပြီးဆုံးသွားပြီဖြစ်တဲ့ကျွန်တော်က တက္ကသို်လ်ကိုတော့ ဆိုလ်းမြို့မှာတက်ဖို့ စီစဉ်ထားပါတယ်။အဖေကတော့ ကျွန်တော့်ကို လွတ်လွတ်လပ်လပ်နေဖို့ condoလေးတစ်လုံးဝယ်ပေးထားတယ်။ကျွန်တော့်အတွက်တော့ ဆိုးလ်မှာနေရတာက ဖေဖေနဲ့မေမေကိုလွမ်းတဲ့စိတ်ကလွဲရင် အရာရာအဆင်ပြေပါတယ်။အဆင်ပြေအောင်လည်း ကြိုးစားနေရတယ်လေ။အဝေးမှာရှိနေတဲ့မိဘတွေကိုလွမ်းတိုင်း ဖုန်းဆက်ရင်းသာ အလွမ်းဖြေခဲ့ရတာက အခါခါ။
ကျွန်တော့်ကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ကြတဲ့မိဘတွေက အဆင်ပြေရဲ့လား၊မပြေရင် သူတို့လိုက်လာခဲ့ပါ့မယ် ပြောပေမဲ့ အလုပ်တစ်ဖက်နဲ့မိဘတွေကို ကျွန်တော့်အတွက်နဲ့ေတာ့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပါ။ဒါ့ကြောင့် အဆင်ပြေအောင်ကြိုးစားနေရင်း အဆင်ပြေပါတယ်ဆိုတဲ့စကားကိုသာ လက်ကိုင်ထားမိတော့တယ်။
အစားအသောက်ကတော့ အဖေ့မိတ်ဆွေရဲ့စားသောက်ဆိုင်မှာ ငွေလုံလုံလောက်လောက်ရှင်းထားပြီးသားဖြစ်လို့ စိတ်ပူစရာမလို။အချိန်မရွေးဝင်ထွက်စားသောက်လိုက်ရုံသာ။
ကျောင်းသားသစ်တစ်ယောက်ဖြစ်သည့်အပြင် အနေအေးလွန်းတဲ့ကျွန်တော့်အတွက် သူငယ်ချင်းဆိုတာလည်းရှားပါးလွန်းတယ်။
ပြောင်းလာလာချင်းဟိုဘက်အခန်းက
Hoseokဆိုတဲ့ကောင်လေးက ကျွန်တော့်ကိုစကားတွေလာပြောပြီးမိတ်ဖွဲ့တာကြောင့် မကြာခင်မှာပဲ ခင်မင်ခဲ့ကြတယ်
Hoseokနဲ့ ကျွန်တော်ကလပိုင်းေလဲာက် ဘဲကွာတာဆိုတော့ကျွန်တော့်ထက်လပိုင်းငယ်တဲ့HoseokကHyungလို့သာခေါ်လေ့ရှိတယ်
ကိုယ့်ပေါ်ကိုနားလည်ပေးပြီး
အမြဲတမ်းပြုံးနေတတ်တဲ့ကောင်လေးကို ခင်မိတာတော့အမှန်ပင်။
ကျောင်းသွားတိုင်းသူနဲ့တူတူသွားဖြစ်တယ်။'Hyung....ကျောင်းသွားရအောင်'
ဟော သူ့ကြောင်းတွေးနေတုံးရောက်လာပါပြီ။
'Hoseokလေး...လာလေ
ခဏစောင့်...Hyung စာအုပ်လေးတွေစစ်လိုက်အုံးမယ်''ဟုတ်ကဲ့ Hyung အေးဆေးလုပ်ပါ.'
Hoseok pov
Hyungကအရမ်းခင်ဖို့ကောင်းတယ်။
ချစ်ဖို့လည်းကောင်းတယ်။
ခင်တာမကြာသေးပေမဲ့ ကျွန်ေတာ့်ကို လူရင်းတစ်ယောက်လို ဆက်ဆံပေးတယ်။
အရမ်းလည်းနွေးထွေးတယ်လို့ခံစားမိလို့
ကျွန်တော် hyungနဲ့ခင်ရတာပျော်မိပါတယ်။အတွေးကိုယ်စီနဲ့ တရွေ့ရွေ့လျှောက်လာခဲ့ကြတာ ကျောင်း canteenတောင်ရောက်လာခဲ့ပြီ။
'Hyung...ဘာစားမလဲ
ဟင်..hyungမျက်နှာကမကောင်းသလိုဘဲ
နေမကောင်းဘူးလား'အရင်နဲ့မတူ အနည်းငယ် မျက်နှာပျက်နေတဲ့ hyung ကို ကျွန်တော်စိတ်ပူစွာမေးမိတော့...
'မဟုတ်ပါဘူး...hoseokရယ်
Hyungနည်းနည်းရင်ခုန်နေလို့ပါ..ဒီနေ့ကပထမနှစ်စတက်ရတာမဟုတ်လား..
ဒါ့ကြောင့်''ဪ ဟုတ်လား....
ကျွန်တော်လည်းရင်ခုန်ပါတယ်...
ဒါပေမဲ့ အခုတော့မနက်စာစားရအောင်နော်..ကျွန်တော်သွားယူပေးမယ်....
ပူတင်း...နဲ့နွားနို့ယူမလား...
ကိတ်နဲ့ကော်ဖီယူမလား'ကျွန်တော့်အပေါ်အရမ်းကောင်းလွန်းတဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးကိုလည်း အားနာလှသလို၊ကျေးဇူးလည်းတင်မိတယ်။
'Hoseokရယ် hyungကိုအားနာရအောင်လုပ်နေပြီ..လာ တူတူပဲသွားယူကြမယ်'
'အားနာရအောင် ကျွန်တော်ကတစိမ်းလား Hyung ရယ်...ထားပါ ..
အဲ့တာဆိုလည်းသွားယူကြတာပေါ့'ကျောင်းတက်ချိန်Hoseokနဲ့အတန်းမတူတာကြောင့် နည်းနည်းတော့ပျင်းမိပါတယ်။
အားလုံးက ကိုယ်နဲ့မသိတဲ့လူတွေချည်းဘဲလေ။
ကိုယ်ကိုယ်တိုင်ကလည်းမိတ်မဖွဲ့တက်တော့ ပိုဆိုးတာပေါ့။အခန်းထဲဝေ့ကြည့်မိတော့ တခြားသူတွေကလည်းပုံမှန်ပါဘဲ။
စကားပြောလိုက်၊ရယ်လိုက် မောလိုက်နဲ့။
ဒါပေမယ့်ဒေါင့်နားမှာထိုင်နေတဲ့ကောင်လေးနှစ်ယောက်ကတော အတော်တည်ငြိမ်တယ်။
ဘယ်သူ့ကိုမှဂရုစိုက်ဘဲ အေးအေးဆေးဆေးသာ။ဘေးပတ်ဝန်းကျင်ကိုသာ ငေးမောနေကြတယ်။
အကြောင်းရင်းကိုမသိပေမဲ့ သူတို့ကထူးဆန်းနေသလို ခံစားရတယ်။
ထားပါလေ ကိုယ့်စာကိုယ်လုပ်တာပဲကောင်းပါတယ်။ခဏကြာတော့ဆရာဝင်လာတာကြောင့် အားလုံးလည်း စာကိုသာအာရုံစိုက်ရတော့တယ်။
---------------------------------------
အေးအေးဆေးဆေးလေးဘဲရေးသွားတော့မယ်......
ဖတ်ပေးသူယောက်စေ့တိုင်းခိုးမားဝေါ်💞💞💞💞💞💞💞
YOU ARE READING
လွမ်းရတာတောင်မောလှပြီ
Hayran Kurguမောင့်ကိုမုန်းနေပြီလား အရာရာတိုင်းကဖြစ်ချင်တိုင်း မဖြစ်ကြတာက ခက်တယ်"ငယ်"ရယ်