part_2

377 32 0
                                    

ကျောင်းတက်ရတာ
တစ်ပတ်လောက်တော့ရှိနေပြီလေ။
သူငယ်ချင်းဆိုလို့...Hoseokကလဲွဲပြီးမရှိတော့....တခြားသောအခန်းဖော်တွေနဲ့လည်း
မိတ်ဖွဲ့ချင်ပါတယ်..။
ကိုယ်ဘက်ကသွားပြီးမိတ်ဖွဲ့ဖို့ကြလည်း
ကိုယ်ကလူတွေနဲ့စကားအပြောအဆိုသိပ်မရှိတော့....
အဆင်ပြေမယ်လို့တော့မထင်ဘူး...
ကျောင်းပိတ်ရက်
အချိန်​​ေတွ ကိ​ုလည်းHoseokနဲ့သာအားရင်စာကြည့်တိုက်သွားပြီးစာဖတ်တယ်....
ပျော်စရာတော့မကောင်းပေမယ့်အပျင်းတော့ပြေခဲ့ရပါတယ်

"အကိုရေ..
ကစားကွင်းခနဝင်ကြမလား...
ပျော်စရာကောင်းမှာပါ....လာ"

လက်ဆဲွဲပြီးအတင်းခေါ်နေတဲ့Hoseokကြောင့်ဘာမှပြောမနေတော့ဘဲလိုက်လာခဲ့
လိုက်တော့တယ်,
အမှန်တိုင်းပြောရင်ငယ်ငယ်ကတည်းက ကစားကွင်းမှာဆော့လေ့မရှိဘူး
မိဘတွေကပိုးမွေးသလိုမွေးခဲ့ပြီး
ကိုယ်လည်းတခြားသူတွေလိုလိုက်ဆော့ချင်လို့ပူစာခဲ့ပေမယ့်
အမေကအဲ့ကစားကွင်းကတချိုးအရာတွေကအရမ်းထိခိုက်​ေစတယ်သေစေနိုင်လောက်တယ်လို့နားရိုက်သွင်းခဲ့လို့လားမသိ
အဲ့ကတည်းကထိမကစားတာ
ခုချိန်ထိဆိုပါတော့...

"Hyungရေ
Hyung....
Hyungလို့....
ဟော...လမင်းလေးက
ဘာတွေတွေးနေတာတုံး"

"အာ....မဟုတ်ပါဘူးHoseokလေးရယ်
ကစားကွင်းလေးကမိုက်လို့ကြည့်နေမိတာ"

"အော်...ဟုလား
မိုက်တာပေါ့ကစားကွင်းက
ကလေးရောလူကြီးရောလာလို့ရအောင်စနစ်တကြစီမန်ထားတာ
အကိုလာဟိုအမြင့်ကြီးရှိတဲ့ရဟတ်ကိုစီးရအောင်...
လာပါ..နော်"

Hoseokလက်ထိုးပြနေတဲ့ရဟတ်ကမြင်ရုံနဲ့တောင်လန့်မိတယ်
အမြင့်ပေကနည်းနည်းနောနောမှမဟုတ်တာကိုအနည်းငယ်တော့ကြောက်မိပါတယ်
ဒါပေမယ့်လည်းတစ်ခါမှမစီးဘူးတဲ့စိတ်ကြောင့်ဘာမှမဖြစ်ပါဘူးလေတစ်ခါလောက်ဘဲစီးကြည့်လိုက်အုံးမယ်
ရဟတ်ရှိရာ
Hoseokလေး ရဲ့နောက်သာလိုက်လာခဲ့တော့တယ်..

ဟိုရောက်တော့လူကပြည့်နေပြီလေ...တာဝန်ရှိသူက
လေးယောက်တစ်တွဲစီစဥ်ပေးနေတော့
Hoseokလေးကလည်းမငြင်းတော့
တာဝန်ရှိသူလက်ထိုးပြတဲ့အတွဲထဲသာ
နှစ်ယောက်အတူတူတက်ထိုင်လိုက်ကြတယ်...
ရဟတ်လေးက
သေးလို့လားမသိလေးယောက်သား
ပူးပူးကပ်ကပ်လေးဖြစ်နေတယ်လေ
ပထမကတော့ အရှ့ကလူတွေရဲ့
မျက်နာတွေကိုမော့မကြည့်မိခဲ့ဘူး
ပြီးကြမှအမှတ်မထင်အရှေ့ကနှစ်ယောက်
ကိုဖြတ်ကနဲကြည့်မိပြီး
ရင်ထဲဗလောင်ဆူသွားမိသည်

ကျောင်းမှာတွေ့နေကြ
စာသင်ချိန်မရှိလျှင်ဘေးနား
မျက်လုံးစိုက်နေတဲ့နှစ်ယောက်
ဟိုဘက်ကတစ်ယောက်ကတော့အပြင်ကိုသာကြည့်နေပြီး
မျက်လုံးဝိုင်းဝိုင်းလေးနဲ့
တစ်ယောက်ကတော့လူကိုစိုက်ကြည့်နေတယ်
စူးဝါးတဲ့အကြည့်မျိုးမဟုတ်ဘဲ
နူးညံ့ကြင်နာတဲ့အကြည့်ကြောင့်
ခနတာအကြည့်ချင်းစုံနေမိတယ်...အချိန်နည်းနည်းကြာလာတော့
Hoseokလေး အသံ
ကြားမှသတိပြန်ဝင်လာတော့တယ်

"Hyungတို့
နှစ်ယောက်ကသိ​ေနကြတာလား"

"အာ..
မဟုတ်ပါဘူး...
သူကHyungတို့အခန်းထဲကပါ
မြင်ဖူးရုံပါ"

အဲ့လိုပြောတော့
ယုန်သွားလေးမပေါ်တပေါ်
ပြုံးနေတဲ့ကောင်လေး
ဘာရယ်လို့တော့မဟုတ်ပေမယ်ချစ်စရာလေးလို့မြင်မိတယ်
အာရုံကတော့ ယုန်သွား​လေးနဲ့
ကောင်လေးရဲ့ဘေးနားကသူဆီမှာရှိနေတာကို
ကိုယ်ကိုတိုင်တောင်သတိမထားမိ
တယ်။

ရဟတ်စီးချိန်ပြည့်တော့
လေးယောက်သားရဟတ်ပေါ်ကနေတူတူဆင်းကြတော့
ကိုယ်ကအရှေ့ရောက်ချင်စောနဲ့အမြန်ထွက်မိတော့အောက်ကိုသေချာမကြည့်ခဲ့မိတာကြောင့်ရဟတ်ရဲ့အဆင်းလှေကားကိုခြေချော်နှင်းမိပြီးအနောက်သို့လှန်ကြတော့မယ့်အချိန်
လက်တစ်စုံကလှမ်းထိန်းပေးခဲ့တယ်
ဘာမှနာကျင်မှုမရှိတာကြောင့်မျက်လုံးလေးဖြည်းဖြည်းချင်းဖွင့်လိုက်တော့
မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်လေးနဲ့Hoseokကကျွန့်တော့်ကိုဝိုင်းကြည့်နေတာကြောင့်လှမ်းထိန်းပေးထားသောသူလက်ကနေအလျင်အမြန်သာမတ်တပ်ရပ်လိုက်တယ်။
ကိုယ့်ကိုယ်လှမ်းထိန်းပေးတဲ့သူကိုအနီးကပ်ကြည့်မိတော့
မျက်နှာချောချောက
ဘာအပစ်အနာအစာမှမရှိတဲ့
မျက်နှာလေးနဲ့ကိုယ်ကြည့်ကြည့်
​ေနမိတဲ့ကောင်လေး
ရင်ထဲကိုဗုံးခွဲထည့်လိုက်သလိုပါဘဲ
ရင်ခုံသံတွေလည်းမူမမှန်တော့ဘဲ
ကိုယ့်ရင်ဘတ်ကိုတောင်ပြန်ဖိထားခဲ့ရတယ်
သူမျက်နှာလေးကတည်တည်ကြည်ကြည်နဲ့ပြန်မေးလာခဲ့တယ်

"အဆင်ပြေရဲ့လား.."

"ဟုတ်...ဟုတ်
ဘာ..ဘာမှမဖြစ်ပါဘူး...."

"အင်းပါ..
လာသွားမယ်
Jungkook အိမ်စောစောပြန်ရအောင်"

အေးဆေးတည်ငြိမ်ပြတ်သားသော
အသံကြောင့်
ယောကျားဆန်မှုမှာပေါ်လွင်နေသလို
ယုန်သွားလေးနဲ့ကောင်လေးနဲ့အတူတူစက်ဘီးလေးတစ်ယောက်တစ်ဘီး
စီးပြီးထွက်သွားကြတာကို
ကိုယ်ကပျောက်ကွယ်သွားသည်အထိလိုက်ကြည့်နေမိတယ်.....
ဘာကြောင့်မှန်းတော့မသိခဲ့

--------------------------
ဖတ်ပေးသူယောက်စေ့တိုင်းခိုးမားဝေါ်----
💞💞💞💞💞

လွမ်းရတာတောင်မောလှပြီWhere stories live. Discover now