ခုထိ ရင်ထဲ မှာ... ခုန်နေတဲ့ နှလုံးသားလေးဟာမရပ်တန့် နိုင်သေး....
ထယ်က စားနေစဉ် ခနတာအချိန်လေးမှာ သူ့ကို တစ်ချက်ကြည့်သွားသေးတယ်
ထယ်သူ့ ကို ကြည့်သွားတယ်ဆိုတဲ့ အတွေးနဲ့တင် အပျော်က လွန်နေပါပြီဂျလောက်...
သန့်စင်ခန်းထဲ ရင်ဘက်ကိုလက်နဲ့ဖိပြီး ရင်ခုန်နေတာ ဖြေဖျောက်ဖို့ လုပ်နေတုန်း..
နှစ်ယောက်မရှိနိုင်သော..သူရဲ့ ထယ် က ၀င်လာခဲ့ သည်
'ဟူး..စိတ်ထိန်း.. စိတ်ထိန်း
သူရိပ်မိလို့မဖြစ်ဘူး...""Seokjin ...ဘာဖြစ်နေတာလဲ
ရင်ခုန်နေတာလား.."စကားနည်းလွန်းတဲ့ ထယ်ဟာသူ့ကို ကြည့်ပြီး
စူးစမ်းသလို မေးလာခဲ့သည် မေးခွန်းကြီး က
ဟင် ထယ် က သူ့ကိုအဲ့လိုမေးလိုက်တာလား
ဒါဆို သူ သိသွားတာလား သူ့ကိုရင်ခုန်နေတာရပ်ဖို့ သန့်စင်ခန်းထဲ ၀င်သွားတဲ့ သူ့ကို ထယ်က သတိထားမိနေတယ်...
ပျော်လိုက်တာ ထယ်ရယ် နောက်ပြီးကျေးဇူးတင်ပါတယ်နော်..ငါ့ကို သတိထားပြီး လိုက်ကြည့်နေပေးလို့.."ဟေး..Seokjin...ကျွန်တော်ပြောတာနားထောင်နေလား..ရင်ခုန်နေရင်တောင် အဲ့သလောက်ကြီး ပုံမပျက်သင့်ဘူးလေ ...ဟက်.."
"အဲ့တာက..ကျွန်တော်က..ကျွန်တော်ကလေ ဟီး..
ဟိုဟာ""ဘယ်ဟာလဲ..
ပြောချင်တာက သူများအပိုင်ကို ခုလိုပစ်မှားနေတာ အရမ်းရင်ခုန်စရာကောင်းနေတယ်ပေါ့.. ""ဟင်.. ထယ်
ဘာကို""ပြောပြထားလိုက်တော့မယ်
ဂျောင်ကုနဲ့ ဝေးဝေးနေပေးပါ ကျွန်တော်တောင်းဆို ပါတယ် ကျွန်တော်က သူ့ကို ဆို တစ်ခြား သူကြည့် တာတောင် မကြိုက်တက်လို့.ခုက ပြောပြရတာ က နောက်ပိုင်း ကိစ္စတွေ ဖြစ်မလာဖို့ပါဘဲ...ကျောင်း နောက်ကြတော့မှာဆိုးလို့် သွားနှင့်ပြီ.. ""ခန..ခန
ထယ်..ဘာကိုပြောနေတာ
ကျွန်တော် နည်းနည်းလေး မှ နား မလည်..""နားမလည်ဘူး.. ??
ဟုတ်မှာပါလေ
သူခိုး လူမိတော့..ပြေးပေါက်ပိတ်ပြီလေ..""ထယ်..ကျွန်တော်တို့က သူငယ်ချင်းတွေ လေ..ဘာလို့ဒီလိုတွေပြောရ..."
YOU ARE READING
လွမ်းရတာတောင်မောလှပြီ
Fanfictionမောင့်ကိုမုန်းနေပြီလား အရာရာတိုင်းကဖြစ်ချင်တိုင်း မဖြစ်ကြတာက ခက်တယ်"ငယ်"ရယ်