Unicode
"ကဲ ဒီမှာ အခန်း သုံးဆယ့်ငါး ဆလိမ်"
အခန်းနံပါတ်ကို သေချာအသံထွက်ကြည့်နေတဲ့ စစ်အောင်ကို မိုးဦးရယ်ချင်မိတယ်။
"ငါလဲ စာဖတ်တတ်ပါတယ်။ ပြီးတော့ ကိုယ့်အခန်း ကိုယ်မှတ်မိပါတယ်။"
ခနဲ့တဲ့တဲ့လှမ်းပြောတဲ့ မိုးဦးကို စစ်အောင်က နင် ဘာမှမသိပါဘူးဆိုတဲ့အထာနဲ့ ပုခုံးတွန့်ပြပြီး လူခေါ်ခေါင်းလောင်းကို တီးလိုက်တယ်။
"အဦး ကြာလှချည်လား။ တအားမမှောင်ခင်ပြန်လာဖို့ ခုနက ဦးငယ် လာရှာသေးတယ်။ အဦးကို မတွေ့လို့..."
တံခါးဖွင့်ကတည်းက ရေကာတာက ရေတွေ ဒလဟောလွှတ်လိုက်သလို ပြောနေခဲ့တဲ့ ဦးငယ်ရဲ့အကြည့်တွေ စစ်အောင်ဆီရောက်မှ ဦးငယ် စကားရပ်သွားတယ်။
"ဪ..."
"အာ..."
ဦးငယ် "ဪ"ရင်း မိုးဦးကို စွေစောင်းစောင်း လှမ်းကြည့်တယ်။ မိုးဦးက ဦးငယ်ဆိုလိုရင်းကို ပေါက်ကြောင်း ပြန်"အာ"လိုက်တယ်။
မမသော်တာနဲ့ စာအုပ်ဆိုင်သွားတုန်းက ရိုက်ထားတဲ့ Selfieမှာပါတဲ့ စစ်အောင်ကို ဦးငယ်ကမှတ်မိတယ်ပေါ့။ Maskတပ်ထားတာတောင်မှလေ။
"ဟိုလေ ကျွန်တော့နာမည် စစ်အောင်ပါ။ ဦးလေပြည်ဟိန်းရဲ့ သားအငယ်ဆုံးပါ။ မနက်ဖြန်လပြည့်နေ့မို့ သစ်ငုတ်တိုမှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ သွားရင်း မိုးဦးချော်လဲနေတာ တွေ့လို့ ကူညီပြီး ခုလို ပြန်လိုက်ပို့ဖြစ်သွားတာပါ။"
"ဪ ကိုလေပြည်ဟိန်းရဲ့သားဆိုတော့ ကျွန်တော့ကို......"
"ဟုတ်ကဲ့။ မိုးဦးအတွက် စိတ်သာချပါ။ သူ့သူငယ်ချင်းအနေနဲ့ သူ့ကို ထိခိုက်လိုတဲ့စိတ် လုံးဝ မရှိပါဘူး။"
YOU ARE READING
Don't Play Hide & Seek!
Mystery / Thrillerအိပ်မက်ထဲပေမယ့် မိုးဦးကို ဘယ်သူကမှ မမြင်ကြဘူး။ အိမ်အပေါ်ထပ်ကို တက်လာခဲ့တော့ လှေကားဘေး နံရံနှစ်ဘက်လုံးမှာ ဓာတ်ပုံတွေ ချိတ်ထားတဲ့အထဲကမှ ပုံတစ်ပုံဟာ မိုးဦးရဲ့အာရုံကို ဆွဲဆောင့်ပစ်လိုက်သလို ထိတ်လန့်သွားမိတယ်။ မိုးဦးတို့အိမ်ဦးခန်းမှာချိတ်ထားတဲ့ အဘိုး...