အပိုင်း (၅)

32 6 0
                                    

Unicode

"ဘာကြောင်ကြည့်နေတာလဲ အဦး...တက်လာခဲ့လေ"

"ငါ့နာမည် ဘယ်လိုသိလဲ?".

"ဪ ဒီတိုင်းပဲ သိတာပေါ့"

"ဒီတိုင်းပဲ?"

"ဒီနေ့ မင်း ဒီနေရာကို လာမယ်ဆိုတာလည်း သိတယ်"

"အရူးပဲ"

ခုမှစတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မိုးဦး "အရူး"လို့ ခေါ်မိတာ ဒါ ပထမဆုံးပဲ။ ဘန်ဂလိုဆီပဲ ပြန်တာကောင်းတယ်။

အယ်

ထ....

...ထလို့မရပါလား?

နောက်ပြန် ထိုင်ရက်လဲကျတော့ မြေကြီးပေါ် ထောက်မိသွားတဲ့
မိုးဦးလက်နှစ်ဘက်လုံး မ လို့မရဖြစ်နေတယ်။

"ဟားဟား...အာ့ကြောင့် တက်လာခဲ့လို့ ငါပြောတာရော...အဦး နင်ဟာလေ ဘယ်ဘဝရောက်ရောက် ငါ့စကား ဘယ်တော့မှ နားမထောင်ဘူးနော်။"

သောက်ရူးပဲ ဒီကောင်! စကားကို လူနားလည်အောင် ပြောလို့မရဘူးလားပဲ။

"မိုးဦးရေ!"

"ဟမ်?"

နောက်ကျောဘက်ကနေ တစ်ယောက်ယောက်ခေါ်နေသလိုပဲ။

"မိုးဦး! မိုးဦး! ငါလာပြီ! မကြောက်နဲ့!"

ဘာရယ်။

နောက်ထပ်အရူးတစ်ယောက်လား။

အာ့!

ဟော!

ခုနက အသံရှင် ဆွဲထူပေးတော့လည်း အလွယ်တကူ ထလို့ရတာပဲရော။ မိုးဦးလှုပ်ကြည့်တုန်းကကျ သံနဲ့ရိုက်ထားသလိုမျိုး။

"အွတ်"

ဟာ ဒီလူ....။

"အီး အင်း အင့်"

ဒီလူ....ရူး...အယ်....ငိုနေတယ်? ငို..ငိုပါ။ ငိုလေ။ ဒါပေမဲ့ ဘာလို့ မိုးဦးကို ဖက်-ထား-တာ-လဲ?

"ဘ ဘယ်သူလဲဟင်? ငါ့နာမည် နင် ဘယ်လိုသိလဲဟင်? ခ ခဏ လွှတ်ပေးပါလား? န နေရခက်လို့"

"ဪ ဆောရီး"

"ဟာ"

မိုးဦး ဘဝမှာ ချောတဲ့လှတဲ့သူတွေနဲ့ မစိမ်းပါဘူး။ မိုးဦးတို့ဘေးအိမ်မှာ နိုင်ငံကျော်  မော်ဒယ်တစ်ယောက်ရှိတယ်လေ။ 'သော်တာ'တဲ့။ သူက မိုးဦးကို ငယ်ငယ်လေးကတည်းက ထိန်းလာတဲ့သူဖြစ်သလို မိုးဦးကို သူ့ညီမလေးလို တုန်နေအောင် ချစ်တဲ့သူမို့ ကျောင်းပိတ်ရက်ဆို မိုးဦးကို သူ့ရိုက်ကွင်းဆီ ခေါ် ခေါ်သွားတတ်တယ်။ အဲ့ဒီမှာ ချောပေ့လှပေ့ဆိုတဲ့သူတွေကို မိုးဦး မမြင်ချင်မှ အဆုံးပါပဲ။ ဒါပေမဲ့ ဒီလူ...အယ်...ဒီကောင်လေးဆို ပိုမှန်မယ်။ အကျည်းတန်တွေတောင် လှတတ်ကြတဲ့ နေဝင်ရီတရောချိန်မယ် ဖြာကျနေတဲ့ နေနီညိုရောင်ကပဲ မိုးဦးအမြင်တွေကို လှည့်စားနေသလားပဲ။ သူ့မျက်နှာကို မိုးဦးဖြင့် ကြည့်လို့ကို မဝနိုင်ဘူး။

Don't Play Hide & Seek!Where stories live. Discover now