အပိုင်း(၁)

258 13 4
                                    

Unicode

အပိုင်း(၁)

အိပ်မက်ထဲပေမယ့် မိုးဦးကို ဘယ်သူကမှ မမြင်ကြဘူး။ အိမ်အပေါ်ထပ်ကို တက်လာခဲ့တော့ လှေကားဘေး နံရံနှစ်ဘက်လုံးမှာ ဓာတ်ပုံတွေ ချိတ်ထားတဲ့အထဲကမှ ပုံတစ်ပုံဟာ မိုးဦးရဲ့အာရုံကို ဆွဲဆောင့်ပစ်လိုက်သလို ထိတ်လန့်သွားမိတယ်။ မိုးဦးတို့အိမ်ဦးခန်းမှာချိတ်ထားတဲ့ အဘိုးရဲ့မိဘနှစ်ပါး မင်္ဂလာဆောင်ဓာတ်ပုံဖြစ်နေတယ်။

🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️

၂၀၁၈၊ ဧပြီလ

"ညဘက်ကြီး တူတူပုန်းတမ်းမကစားရဘူး! နတ်ဖွက်တတ်တယ်!"

ပူအိုက်တဲ့နွေရာသီညတစ်ညမှာ မိုးဦးတို့မိသားစု လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ မိုးဦးတို့နေတဲ့ရပ်ကွက်ရဲ့တစ်ရပ်ကွက်အကျော်က ရေကန်ကြီးဘေးမှာ အညောင်းဆန့် အကြောဖြည်ရင်း ကလေးတွေကို အမျိုးသမီးကြီးတစ်ယောက်က တူတူပုန်းတမ်းမကစားကြဖို့ပြောနေတာကို ကြားလိုက်ရတယ်။

နတ်ဖွက်တတ်သတဲ့။ ဒီစကားကြားရင် မေမေ့မျက်နှာ မိုးပြိုတော့မတတ်ဖြစ်သွားတတ်တယ်။ ဘာကြောင့်လဲဆိုတာကို မိသားစုထဲ မိုးဦးတစ်ယောက်သာ ရိပ်မိတယ်။ ငယ်ငယ်တုန်းကတော့ ကိုကိုနဲ့မမက မိုးဦးကို မကြာခဏ စကားအစ် မေးလေ့ရှိတယ်။ ဘာလို့မှန်းမသိပေမယ့် မိုးဦး အမှန်အတိုင်းပြောမပြချင်ခဲ့ဘူး။ ပြောလိုက်လို့ရှိရင် မိုးဦးသိပ်ချစ်ရတဲ့ မေမေ့မောင် မိုးဦးရဲ့ဦးငယ်လို ကိုကိုနဲ့မမပါ ပျောက်သွားမှာ စိုးလို့ပါ။

🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️

၁၉၉၅၊ မေ

ဘိုးဘိုးနဲ့ဘွားဘွား အသက်၅၀ကျော်မှ မထင်မှတ်ပဲရတဲ့ကလေးဖြစ်တာကြောင့် ဦးငယ်က မိုးဦးတို့မောင်နှမတွေထက် နှစ်အနည်းငယ်ပဲ ကွာတာမို့ ဦးလေးနဲ့တူ၊တူမဆိုတာထက် မောင်နှမတွေလို ရင်းနှီးခဲ့ကြတယ်။ စာသိပ်ဖတ်တဲ့ဦးငယ်နဲ့ ပုံပြင်ကြိုက်တဲ့မိုးဦးတို့ကတော့ အမြွှာပူးတွေနီးပါး အချိန်အများစု အတူရှိနေခဲ့ကြတယ်။

ဦးငယ်ပြောပြဖူးတဲ့ပုံပြင်တွေထဲ နားထောင်နေရင်း မိုးဦး မျက်ရည်ပေါက်ပေါက်ကျတဲ့ထိ ငိုခဲ့ရတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ မိုးဦးပထမတန်းကျောင်းသူအရွယ်မှာ ကြားခဲ့ရတာပါ။

Don't Play Hide & Seek!Where stories live. Discover now