Unicode
အပိုင်း(၇)
"ဟေ့ အဦး ထတော့လေ။ လပြည့်တော့မယ်။"
"ဟမ်?"
မိုးဦး မယုံနိုင်လို့ မျက်လုံးပွတ်ကြည့်မိတယ်။ အိပ်မက်များယောင်နေသလားပေါ့။ ခုနက တရေးနှိုးတုန်းကကျ မိုးဦးကုတင်နားက ပြတင်းပေါက်အပြင်ဘက်မှာ ဘာသစ်ပင်မှ ရှိမနေတာ သေချာပါတယ်။ ပြတင်းပေါက်ချင်းလဲ မှားစရာမရှိ။ ဦးငယ်ကုတင်ဘေးမှာ ဧည့်ခန်းနဲ့ခြားထားတဲ့ နံရံပဲရှိတယ်ရယ်။
"အဦး လာ တက်ခဲ့လေ။"
"ဂျလောက်"
သစ်ပင်အိမ်ပေါ်ကနေ ကြိုးလှေကားလေး ကျလာတယ်။ ပြီးတော့....
"ဟယ် ပြတင်းပေါက် တ...တ..တံခါး..."
မိုးဦးရင်ဘတ်လောက်မြင့်တဲ့ ပြတင်းပေါက်ဘောင်က မိုးဦးမျက်စိရှေ့တင် ကြမ်းပြင်ထိ ရှည်ထွက်လာတယ်။ တစ်ယောက်ယောက်က မိုးဦးကို စိန်ပန်းပင်ပေါ်က သစ်ပင်အိမ်ဆီ သွားစေချင်နေသလိုပဲ။
"ကဲ လာတော့လေ အဦး။"
"အမ် ဘာလို့လာရမှာလဲ?"
"ဟေ ဘာလို့ဆို လပြည့်တော့မှာလေ။ အဦး နင် ငါ့ကို ကတိပေးထားခဲ့တယ်လေ။ လပြည့်နေ့တိုင်း ငါနဲ့တူတူဆော့မယ်ဆို။"
"ပေါက်ကရ။ နင်နဲ့ငါ ညနေကမှ တွေ့ဖူးတာလေ။ ရူးနေလား?"
"အဦး ငါ မရူးဘူး။ နင်ပဲ ရူးနေတာ။ ငါတို့သူငယ်ချင်းငါးယောက် လပြည့်နေ့တိုင်း အတူတူ တူတူပုန်းတမ်းကစားကြမယ်လို့ သစ္စာဆိုထားတယ်လေဟာ။ အယ် မဟုတ်ဘူး။ လေးယောက်ပဲ။"
"ဘာ...တူတူပုန်းတမ်း? သစ္စာ?"
ကလေးကလား တူတူပုန်းတမ်းကစားဖို့ကို မိုးဦးက သူနဲ့ သစ္စာဆိုထားသတဲ့။ အံ့ပါရဲ့။
မိုးဦးရူးသွားလို့ ကြောင်ချီးကမွှေးတယ် ပြောရင်ပြောနိုင်သေးတယ်။ တူတူပုန်းတမ်းကစားဖို့ကို သစ္စာဆိုထားတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မိုးဦးတင်မကဘူး။ အကြောင်းရင်းမသိရပေမဲ့ မျိုးရိုးစဉ်ဆက် မိုးဦးတို့မိသားစုထဲကသူတွေအတွက်က တူတူပုန်းတမ်းကစားတာကို လုံးဝတားထားလို့ ဘယ်တုန်းကမှ မကစားခဲ့ရဘူး။ အဲ့တော့ ကစားလဲ မကစားတတ်ဘူး။ မဖြစ်နိုင်တာတွေ ဒီလောက်ဖြစ်နေတာ မိုးဦး အိပ်မက် မက်နေတာပဲဖြစ်ရမယ်။
YOU ARE READING
Don't Play Hide & Seek!
Mystery / Thrillerအိပ်မက်ထဲပေမယ့် မိုးဦးကို ဘယ်သူကမှ မမြင်ကြဘူး။ အိမ်အပေါ်ထပ်ကို တက်လာခဲ့တော့ လှေကားဘေး နံရံနှစ်ဘက်လုံးမှာ ဓာတ်ပုံတွေ ချိတ်ထားတဲ့အထဲကမှ ပုံတစ်ပုံဟာ မိုးဦးရဲ့အာရုံကို ဆွဲဆောင့်ပစ်လိုက်သလို ထိတ်လန့်သွားမိတယ်။ မိုးဦးတို့အိမ်ဦးခန်းမှာချိတ်ထားတဲ့ အဘိုး...