Unicode
Julyလကုန်ခါနီးဖြစ်သည့်အားလျော်စွာ ဒီနေ့ညမှ မိုးက အငြိုးကြီးစွာ ရွာချလျက်ရှိသည်။ ဆေးရုံအတွင်းတွင် PPE ၀တ်စုံများနှင့် ဆရာ၀န်များ၊ သူနာပြုများ၊ Volunteer လူငယ်များသည် သူ့အလုပ်နဲ့သူ အားလပ်ချိန်ပင်မရှိ။ တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာသော positive လူနာ များကြောင့် ပို၍ အလုပ်ရှုပ်နေရသည်။ COVID 19 ၏ဒုက္ခပေးမှုကြောင့် ကမ္ဘာကြီးလည်း တိတ်ဆိတ်ခြောက်ကပ်ကာ ပူပင်သောကတို့သာ လွှမ်းမိုးနေကြသည်။ အသက်ရှင်နေရသည်ကပင် ခက်ခဲလွန်းနေသည့် အချိန်ကာလတစ်ခုကို လူသားတို့ ဖြတ်သန်းနေကြရခြင်းပင်။
Positive ဖြစ်နေသော လူနာများအားထားသည့် သီးသန့်ခန်းတစ်ခုတွင် အမျိုးသမီးကြီးတစ်ဦးသည် အောက်ဆီဂျင်ရှူလျက် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေရှာသည်။ အောက်စီဂျင်ကိုအလုအယက်ရှူနေရသော အခြေအနေတွင် သူ့အနားတွင် ဘယ်သူမှရှိမနေခဲ့။ အားလုံးက အလုပ်ရှုပ်မှုများကြားမှာ ဗျာများလျက် သတိလက်လွတ်ဖြစ်နေကြဟန်တူသည်။
ထိုစဉ် ထိုအခန်းတွင်းသို့ ၀င်လာသော PPE ၀တ်စုံနှင့်လူတစ်ယောက်။
ကုတင်ပေါ်ရှိ အမျိုးသမီးအနားသို့ တဖြေးဖြေး လျှောက်လှမ်းလာသော ခြေလှမ်းတစ်စုံ။
ရောဂါပိုးကြောင့် အထပ်ထပ်ကာရံ၀တ်ဆင်ထားသော အ၀တ်အစားများဖြင့် မျက်လုံးနှစ်လုံးပေါ်ရုံသာမြင်နေရသော ထိုလူ။ မည်သူမည်ဝါမှန်းသေချာမသိရ။အပြင်မှ မိုးက ပိုမိုသည်းထန်လာလေ မိုးခြိမ်းသံတို့ကို ပိုမိုကျယ်လောင်လာလေ။ လျှပ်စီးတို့ကလည်း ပြိုးကနဲပြက်ကနဲ။
ရုတ်ချည်းဆိုသလို ထိုလူက လူနာအမျိုးသမီးတပ်ဆင်ထားသော အောက်ဆီဂျင်အား ဆွဲဖြုတ်ပစ်လိုက်လေသည်။ အောက်ဆီဂျင်မရတော့သောကြောင့် လူနာအမျိုးသမီးက အသက်ကိုလု၍ရှူနေရသည်။ ရင်ဘတ်အစုံကလည်း နိမ့်ချည်မြင့်ချည်ဖြင့်။ မျက်၀န်းအစုံက တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့်။ ဆန့်တန်းထားသောလက်ချောင်းတို့ကို ဖြေးဖြေးချင်းသာ တင်းတင်းကြပ်ကြပ်ဖြင့် လက်သီးဆုပ်လိုက်ပုံက မည်မျှ အားယူနေရမှန်း ထင်ရှားလှသည်။ ပါးစပ်ကိုဟကာ အောက်ဆီဂျင်ကို ရနိုင်သမျှ တတ်နိုင်သမျှ ရှုသွင်းနေသော်လည်း အချည်းနှီးသာ။ ခဏအကြာတွင် ငြိမ်ကျသွားသော အမျိုးသမီးအား သေချာကြည့်ကာ ထိုလူက အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
YOU ARE READING
𝚃𝙴𝙻𝙴𝙿𝙰𝚃𝙷𝚈 *Completed*