Telepathy (2)

315 26 0
                                    

Unicode

"သူ့ကို အလုပ်ထုတ်လိုက်တော့"

"ဘာဆိုင်လို့ ထုတ်ရမှာလဲ"

"သားက မနက်ဖြန်ပဲ abroadသွားရတော့မှာလေ သူ့ကိုမလိုအပ်တော့ဘူး"

ဆိုဖာပေါ်ခြေချိတ်ထိုင်ရင်း ခပ်အေးအေး ဆိုလာသော အမျိုးသမီးတစ်ယောက်....။

"ဘာလို့မလိုအပ်ရမှာလဲ သူ့ကိုခေါ်ထားတာ မင်းသားတစ်ယောက်အတွက်ပဲမှမဟုတ်ဘဲ သူ့ရာထူးက ဒီအိမ်ရဲ့ အိမ်တော်ထိန်း"

ဩဇာအပြည့်ဖြင့် ပြန်ပြောလာသော ထိုအမျိုးသားရဲ့စကားအဆုံးမှာတော့ ထိုအမျိုးသမီးက ခုနက တည်ငြိမ်နေသည်မှာ သူမဟုတ်တော့သည့်အတိုင်း လက်သီးကို တင်းတင်းဆုပ်ရင်း အံကြိတ်ကာ စူးစူးရဲရဲပြန်ကြည့်လာသည်။

"မပြတ်နိုင်တဲ့ အဆက်ဟောင်းကြီးကို အနားမှာပဲထားချင်ပုံပဲ ဘယ်လိုလုပ်မလဲ....ကျွန်မက လုံး၀ လက်မခံနိုင်ဘူး"

"လက်မခံနိုင်လည်း မတတ်နိုင်ဘူး ဒါငါ့အိမ်....ငါက ဒီအိမ်မှာ အာဏာအရှိဆုံး....မင်းခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရတဲ့ မင်းလင်ငယ်တွေလိုမဟုတ်ဘူး"

"ဘာ!!!!"

ဆွံ့အစွာ ရပ်ကြည့်နေခဲ့သော သူမကို ကျောခိုင်းကာ ထိုအမျိုးသားက ထွက်ခွာသွားလေပြီ။
တပွက်ပွက်ဆူလာသော ဒေါသတို့က ငယ်ထိပ်ရောက်မတတ်။ ခပ်တင်းတင်းဖိကိုက်ထားသော နှုတ်ခမ်းတို့လည်း ပေါက်လို့နေပြီ။
ခပ်တင်းတင်း ဆုပ်ထားသော လက်သည်လည်း လက်သည်းရှည်တို့ကြောင့် နာကျင်လို့နေပြီ။

ထိန်းချုပ်မရတော့သော ဒေါသတို့ကို စားပွဲခုံပေါ်က ပန်းအိုးအပေါ် ပုံချလိုက်သည်။
ခွမ်းကနဲ ကွဲသော ပန်းအိုးက အဓိပ္ပာယ်မရှိသော သူမဘ၀လိုပင်...တစ်စစီ ကွဲထွက်လို့။

"အားးးးး.....စိတ်ရှုပ်ဖို့ကောင်းတဲ့မိန်းမ နင်သာမ‌ပေါ်လာခဲ့ရင် ငါ့ဘ၀က အေးချမ်းနေခဲ့မှာ"

ဒေါသတကြီး အော်ဟစ်နေသော သူမအသံက တိတ်ဆိတ်နေသော ဧည့်ခန်းထဲ၀ယ် ဟိန်းထွက်သွားသည်။

ဘာကိုမှမမြင်နိုင်တော့သော ဒေါသတို့ကြောင့် နံရံအကွယ်က ကောင်လေးကိုလည်း သတိထားမိမည်မထင်။

𝚃𝙴𝙻𝙴𝙿𝙰𝚃𝙷𝚈 *Completed*Where stories live. Discover now