Unicode
ဘယ်တော့မှ တရားမျှတမှုမရှိတဲ့ ဘ၀ကြီးမှာ သူမ ရှင်သန်နေရတယ်။ တစ်ကောင်ကြွက် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ သူမအတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်ရှင်သန်နေရတာပါပဲ။ ချမ်းသာချင်တယ် ပိုက်ဆံတွေအများကြီးရှိချင်တယ်။ ဒါက သူ့ကိုယ်သူအတွက်တော့ ဘယ်တော့မှ လောဘလို့မသတ်မှတ်ခဲ့ဘူး။ မပြည့်စုံတဲ့သူမ အတွက် ချမ်းသာချင်တာ မထူးဆန်းပါဘူး။ ဒါကြောင့်လည်း စီးပွားရေးနယ်ပယ်ထဲ ခြေစုံပစ်၀င်ရင်း Jeon မိသားစုက တစ်ဦးတည်းသောသားကို အရယူခဲ့တာပါပဲ။ အခု သူမ ချမ်းသာနေပြီ။ ဒါပေမဲ့ မပျော်ဘူး။ ဘာလို့လဲ....ချမ်းသာလာတော့ ဒီစည်းစိမ်တွေကို မမက်မောမိတော့ဘူး။ တဖြေးဖြေးနားလည်လာရတာက သူမ လိုနေတာ ချစ်ခြင်းမေတ္တာ။
ချမ်းသာတဲ့လူတန်းစားထဲ ၀င်ရောက်ခဲ့ပြီးပြီမို့ တစ်စုံတစ်ယောက်ရဲ့ အချစ်ခံလူတန်းစား ဖြစ်ချင်လာသည်။ လူ့အလိုဆန္ဒကလည်း ပြည့်တယ်လို့ရယ်မှ မရှိဘဲ။အပေးအယူတွေ စီးပွားရေးအယူအဆတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာ အချစ်ဆိုတဲ့ အရာဟာ အစအနပင် မရှိခဲ့ပါ။ အေးစက်စက်နိုင်လှသော အိမ်ထောင်ရေးကို စိတ်ကုန်လာမိတဲ့အခိုက် ကံကြမ္မာက သူမကို နှောင်ကြိုးတစ်ခုဖြင့် ရစ်တွယ်ခဲ့သည်။ ထိုနှောင်ကြိုးလေးက သူမသားလေးပေါ့။
အဖေရော အမေရော ကုမ္ပဏီအလုပ်တစ်ဖက်နဲ့မို့ သားလေးက ငယ်ငယ်ကတည်းက မိဘတွေနဲ့ တနှီးတနှော မရှိ။ ဒါကလည်း သူမအမှားတွေပဲမလား။ ကိုယ်တိုင်က မေတ္တာငတ်ခဲ့သူ ဖြစ်ပါလျက်နဲ့ သားလေးကိုသာ ပြည့်ပြည့်စုံစုံထားနိုင်ရင် သားကပျော်မှာပဲဆိုတဲ့ ခပ်ခေါင်ခေါင်အတွေးတွေကြောင့် သားကို အချိန်မပေးနိုင်ခဲ့။
နောက်ထပ် မှားခဲ့မိတာက မိသားစုမှာ မရနိုင်တဲ့ ဂရုစိုက်မှုတွေကို အပြင်မှာ အပျော်ရှာမိခဲ့တာပါပဲ။ ထိုသူက သူမရဲ့တစ်ဦးတည်းသော Kim...
Kimကို သူမ Companyမှာစတွေ့ခဲ့တာ။ Kimက သူမတို့ Jeon Companyက ၀န်ထမ်းတစ်ယောက်သာ။ Kimက သူမကိုဂရုစိုက်တယ် နွေးထွေးပေးနိုင်တယ်။ သူမ ဖြစ်ချင်တဲ့ အချစ်ခံလူတန်းစားအနေနဲ့ Kimဆီမှာ ရှင်သန်နိုင်တယ်။ Kimက သူမ တစ်ခွန်းဆို တစ်ခွန်းပဲမဟုတ်လား။
မွေးရပ်မြေကို ပြန်ဖို့လုပ်နေတဲ့ Kimကို သူမအနားက ထွက်သွားမည်စိုးတာကြောင့် Jeon Groupကပေးထားတဲ့ တစ်ခုတည်းသော သူမ ပိုင်ဆိုင်မှုဖြစ်သည့် စံအိမ်ကို Kimအပိုင်အဖြစ် လွှဲပေးကာ မက်လုံးပေးခဲ့ခြင်းပင်။
YOU ARE READING
𝚃𝙴𝙻𝙴𝙿𝙰𝚃𝙷𝚈 *Completed*