Unicode
စံအိမ်မကြီးမှာ အတော်လေးသက်ဝင်လှုပ်ရှာနေသလောက် ရှီရှန်းရှိရာအိမ်ကြီးမှာတော့ အတော်လေးတိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်။ ညပိုမှောင်လာလေလေ ပို၍ကြောက်စရာကောင်းလာလေလေဖြစ်သည်။
ရှီရှန်းမှာ မည်သည့်အရာကိုမျှမကြောက်တတ်သည်မို့ ညရောက်ပြီဆိုသည်နှင့် အိပ်လိုက်ချေသည်။
ညလယ်ခေါင်လောက်အချိန်တွင် သူမအိပ်ပျော်နေတုန်း ငိုနေသောအသံခပ်မျှင်မျှင်လေးကိုကြားလိုက်ရပေသည်။ သူမလည်းအိပ်ယာပေါ်ကခုန်ထွက်လိုက်ပြီး အခန်းကိုလိုက်လံရှာဖွေပြီးမှ တံခါးဆီစိုက်ကြည့်လိုက်သည်...။"ဝူး...ဝူးး...ဝူးးး"
အသံမှာ အတော်လေးတိုးညှင်းတာမို့ လေပြင်းတိုက်သည်နှင့် ထိုအသံကိုမကြားရတော့ပေ...။'လန်ယန်များ သရဲဟန်ဆောင်ပြီး ငါ့ကိုခြောက်နေတာလား'
'အာာာ... ငါ့သားကတော့ အာဂပဲဟေ့!'သူမအိပ်ယာမှထကာ တံခါးဆီဦးတည်လိုက်ပြီး အပြင်ထွက်လိုက်သည်။ စကြံလမ်းမှာ အတော်လေးမှောင်နေချေသည်။ သူမလည်း အသံနောက်လိုက်ရင်း အခန်းတခန်းပြီးတခန်း၏ အရှေ့ကိုရပ်ကာ အသံလာရာကိုစစ်ဆေးကြည့်လိုက်သည်။
ထို့နောက် ရှီရှန်းအသံကိုခဏတာနားထောင်ကြည့်လိုက်ပြီး အသံထွက်လာသည့်အခန်းကို ရှာတွေ့သွားလေသည်။ ရှီရှန်း ထိုအခန်း၏တံခါးကိုကြည့်သည့်အခါ သူမဒီနေ့လိုက်ကြည့်တုန်းက ဒီအခန်းဒီနေရာတွေမရှိသည်မှာအမှန်ပင်...
ရှီရှန်းတံခါးလက်ကိုင်ကို လှည့်ဖွင့်ကြည့်တော့ သော့မခတ်ထားပဲ အလွယ်တကူဖွင့်လို့ရသည်ကို အံသြဖွယ်တွေ့ရပေသည်။
အခန်းထဲတွင်လည်း ဘာပစ္စည်းရယ်မျှမရှိပဲ အခန်းတဝက်လုံးမှာ သတ္တုစည်းရိုးကြီးနှင့် ပိုင်းခြားထားချေသည်... မီးမှိန်မှိန်လေး၏နောက်တွင် စည်းရိုး၏အတွင်း၌ ပိန်ကာအင်အားချိနဲ့နေသောပုံရိပ်လေးတခုရှိနေချေသည်....
ရှီရှန်း, "........."
'ဇာတ်လိုက်ကောင်က ဒီလိုမျိုးတွေလုပ်ရတာလည်း သဘောကျတာပဲလား'ရှီရှန်းလည်း နံရံမှမီးခလုတ်ကိုလိုက်စမ်းပြီး ဖွင့်လိုက်လေတော့ အခန်းတခန်းလုံးချက်ချင်းလင်းလာလေသည်။ စည်းရိုးထဲမှထိုသူမှာ မီးလင်းလာသည်နှင့် ရန်ထောင်သည့်အသံအနည်းငယ်ပေး၍ ဘောလုံးတလုံးလိုအခန်းထောင့်ကိုလှိမ့်သွားချေသည်။ ရှီရှန်းထိုနေရာနားသွားဖို့ သိပ်လောမနေဘဲ တံခါးနားမှာပဲခဏတာဆက်ရပ်နေကာ ဘေးပတ်ဝန်ကျင်နှင့် ခေါင်မိုးနေရာတို့ကိုလိုက်ကြည့်လိုက်သည်။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 5 (arc 21 to...)
FantasyCollaboration book Arc 21 Teenage girl enforcer (Transalator - YoungSone Aurora)