Arc 21.11

2K 282 2
                                    

Unicode

(T. N new character လေးတွေတော့ ထပ်ပါလာပါမယ်နော် supporting role မို့လို့ ထွေထွေထူးထူး character မိတ်ဆက်မထည့်ပေးတော့ဘူးနော်)

ရှီရှန်းတယောက် ညလည်ခေါင်တွင်နိုးထလာသည့်အချိန် စံအိမ်မကြီး၏ အတွင်းရောအပြင်ပါ မီးအလင်းများထိန်လင်းနေလေသည်... သူမအပြင်ရုံဝတ်စုံ ဝတ်လျက် အောက်ထပ်ဆင်းဖို့လုပ်သည့်အချိန်မှာပင် စားဖိုမှူးကိုဆွဲခေါ်သွားကြသည့်မြင်ကွင်းနှင့် တည့်တည့်တိုးလေသည်... 

ထိုအခါ ရှီရှန်းလည်း ဒုတိယထပ်တွင် ရပ်ကြည့်နေသော အစေခံတယောက်လှမ်းမေးငေါ့ပြရင်း "ဘာဖြစ်ကြတာလဲ '' လို့မေးလိုက်တဲ့အခါ ထိုအစေခံမှာ ရှီရှန်းအနားကပ်လာရင်း အနည်းငယ်ကြောက်နေဟန်ဖြင့် "သခင်မ.... မမလေးအန်း အဆိပ်မိလို့တဲ့''

အိမ်မကြီးတွင် အလုပ်လုပ်ကြရသူတိုင်း ရှီရှန်းကိုကြောက်ရသည်ပင်... သူမမှာ မထင်ရင်မထင်သလို ဓားကြီးဆွဲ၍လျှောက်သွားတတ်သည့်မို့ သူတို့၏ယုံကြည်မှု ကင်းမဲ့စေပြီး အကြောက်လွန်စေမိခြင်းဖြစ်သည်....

"အဆိပ်မိတယ်? "

ထိုအခါ ရှီရှန်းလည်း ပြီးခဲ့တဲ့နေ့က ဖြစ်ခဲ့သည့်အကြောင်းအရာကို သတိရသွားလေ၏....

စံအိမ်ဝန်းကြီး တခုလုံးတွင် အစားအစာပြင်ဆင်ချက်ပြုတ်နိုင်သောနေရာမှာ ရှီရှန်းနေထိုင်ရာ စံအိမ်မကြီးတနေရာထဲတွင်သာ... အခြားနေရာများမှာ အစေခံများအတွက်သာဖြစ်ပေသည်.. ထို့ကြောင့်လည်း ယင်စုစားခဲ့သောအစာသည်လည်း ဤနေရာမှသာပြုလုပ်ခဲ့ခြင်းသည်ပင်.. 

ထိုအချိန်က ရှီရှန်းစားသောက်နေစဥ် ယင်စု၏အစေခံများက သူမအတွက်အစားအသောက်များလာယူသွားခဲ့သည်... စားဖိုမှူးမှာ အလွန်သွေးပျက်လောက်အောင် ကြောက်နေရင်း ရှီရှန်းအတွက် အစားအသောက်ပြန်ပြင်ပေးရခြင်းကြောင့် အဆိပ်ခပ်ထားသော ဝက်သားလွှာပေါင်းကို မပစ်လိုက်မိပဲ ကောင်တာပေါ်တင်လိုက်ရင်း ယင်စု၏အစားအသောက်များနှင့်တွဲထားမိလိုက်ခြင်းပင်... ဖြစ်လာနိုင်သည့်ပြသနာများကို ကြိုမတွေးမိ.. သူတကယ်လည်း စိတ်နှင့်လူယှဥ်တွဲမိသောအခါ ယင်စုသည်လည်း အဆိပ်မိနေပြီဖြစ်သည်........

ရှီရှန်း ရှီရှန်း  Book 5 (arc 21 to...)Onde histórias criam vida. Descubra agora