Arc 21.10

2.1K 284 5
                                    

Unicode

လန်ယန်ပြန်လာသည့်အကြောင်းကြားရသည့်အခါ ယင်စုနှင့်လင်ယီတို့ စိတ်လှုပ်ရှားစွာတယောက်ကိုတယောက်ကြည့်လိုက်ကြပေမယ့် ရှီရှန်းကတော့ ဘာမှမကြားလိုက်သလို ပေါ့ပါးနေလေတယ်။

လန်ယန်နေအိမ်ထဲဝင်လာသည့်အခါ ကိုယ့်အိမ်ကိုယ့်ယာလို ကျော့ကျော့လေး ထိုင်နေသူရှီရှန်းကိုသာ အကြည့်ရောက်နေသည်လည်းဖြစ်၏.... 

"ယန်မြန်.. မင်းကိုဘယ်သူက ဒီကိုလာခွင့်ပြုလို့လဲ" 

လန်ယန်တယောက် ရှီရှန်းကိုမြင်သည်နှင် ဒေါပွနေတာဖြစ်ပြီး သူသာ ရှီရှန်းကို လည်ပင်းညှစ်သတ်နိုင်လျှင် သူမသည်လည်း အကြိမ်ကြိမ် သေနိုင်လေသည်။ ရှီရှန်းလည်း ပျင်းရိစွာထိုင်နေရာမှ သူမလည်ပင်းတို့ကို အားယူကာ ထောင်လိုက်ရင်း "ငါက ငါ့ချွေးမလေးဆီ လာလည်တာလေ ဘာဖြစ်လို့လဲ" ဟု မေးလိုက်လေ၏.....

"အစောင့်တွေ......!!!" ဟု လန်ယန်က လှမ်းခေါ်လိုက်လေတော့ လူအချို့ အပြင်ကနေ ချက်ချင်းဝင်လာလေ၏... 

ထိုအခါ သူက ရှီရှန်းကို ညွှန်ပြလိုက်ရင်း "သူမကို ငါ့ရှေ့ကဆွဲထုတ်သွားစမ်း" ဟု ခိုင်းလိုက်လေတော့ အစောင့်တွေလည်း တယောက်ကိုတယောက် ကြည့်မိလိုက်ကြ၏.....

'ရှေ့ရက်က ငါတို့လူအများကြီးနဲ့ သူမကိုဖမ်းဖို့ကြိုးစားတာတောင် ဖမ်းလို့မရခဲ့တာ အခုဒီလူလေးနည်းနည်းလေးနဲ့ ဘယ်လိုလုပ်ဖမ်းနိုင်မှာလဲလို့'

လန်ယန်လည်း သူတို့ပုံစံကိုကြည့်ရင်း ဒေါသထွက်ထွက်နဲ့ သူနှင့်အနီးဆုံးမှလူကို ကန်ထည့်လိုက်ပြီး "လုပ်စမ်းပါ သာမန်မိန်းမတယောက်ကို ဘာမဟုတ်ပဲကြောက်လန့်နေမယ်ဆို ငါမင်းတို့ကို ဘာလုပ်ဖို့ငှားနေအုန်းမှာလဲ"

ယင်စုလည်း လန်ယန်မှာသူမအရှေ့မှာဆို အရမ်းချုပ်တည်းတတ်တဲ့သူဖြစ်လေတော့ အခုလိုဒေါသထွက်သည်ကိုမြင်သည်မှာ သူမအတွက် ပထမဆုံးအကြိမ်လေ.... သူမ ရှီရှန်းကို နှစ်ခါပြန်လောက်ကို ​လှည့်ကြည့်မိလေတယ်... လန်ယန်ရဲ့ဖိအားနှင့်ဆို ထိုသူတွေဟာ ကျည်ဆန်ကိုပင် ပြေးကိုက်နိုင်သည်မဟုတ်လား........

ရှီရှန်း ရှီရှန်း  Book 5 (arc 21 to...)Onde histórias criam vida. Descubra agora