Unicode
(လင်ယီ POV)
လင်ယီတယောက် သူယင်စုနှင့် စတွေ့သည်အချိန်ကို ပြန်စဉ်းစားမိလေသည်။ ထိုအချိန်က သူ black tiger ဂိုဏ်းကိုစစဝင်ချင်းပဲရှိသေးပြီး ကလေး ဒါဇင်ပေါင်းများစွာဟာ ဟောခန်းကြီးတခုထဲမှာ နှစ်ယောက်တွဲလေ့ကျင့်နေကြတာဖြစ်သည်။ သူမလေး(ယင်စု) မှာ ထောင့်လေးမှာကပ်ရင်း အမှောင်ထဲမှာကုပ်ကုပ်လေးနေကာ သူများလေ့ကျင့်နေတာကြည့်နေရှာတာလေ.....
လင်ယီကိုခေါ်လာတဲ့လူကြီးက သူမကိုခေါ်ပြီး "သူကအခုမှအသစ်ရောက်တာ ဂရုစိုက်ပေးလိုက်" ဟုဆိုကာ အပ်ပြီးထွက်သွားခဲ့တာ...
နောက်မှသိလိုက်ရတာက ယင်စုဟာ သူထင်သလိုသူများနဲ့မရောရဲတာမဟုတ်ဘဲ ဒီကလေး အဖွဲ့ကြီးတခုလုံးရဲ့ခေါင်းဆောင်တဲ့လေ...
လင်ယီဆိုတာ အဖေအမေမရှိရှာတဲ့ အိုးမဲ့အိမ်မဲ့တယောက်ပေါ့... သူ့ကိုစောင့်ရှောက်ပေးတဲ့ခြေသလုံးအိမ်တိုင်လူကြီးက စောစောစီးစီးသေသွားတော့ သူကိုယ်တိုင်လည်း တကောင်ကြွက် ခြေသလုံးအိမ်တိုင်တယောက်ဖြစ်လာခဲ့တာပေါ့.. ဒီလိုနဲ့ လမ်းတကာ လှည့်ပတ်တောင်းရမ်းရင်း အမှိုက်ထဲပစ်ထားတဲ့ ထမင်းသိုးဟင်းသိုးတွေပဲစားခဲ့ရပြီး black tiger ဂိုဏ်းက လူတယောက်က မျက်စိကျပြီး ဂိုဏ်းထဲခေါ်လာခံခဲ့ရတာပဲဖြစ်၏... ဒါပေါ့ နေစရာနေရာလည်းရ စားဖို့လည်းမပူရတာမို့ သူဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခံရခံရ နာကျင်ရလည်း ဘာမှမပြောပဲနေတယ်လေ...
ဂိုဏ်းထဲရောက်တော့လည်း သူများလျစ်လျှူရှုတာခံရပြီး သူနဲ့အတူလာလာပြီးလေ့ကျင့်ပေးတာကတော့ ယင်စုပင်။ ပြောရရင် အမြဲတမ်း သူနဲ့သူမပဲအမြဲပေါ့....။ အဖွဲ့ထဲ လူတိုင်းက ယင်စုကို အတော်လေးကြောက်တာမို့ ထမင်းလည်းအတူမစားရဲ ရေလည်းအတူမချိုးရဲကြ။ သို့ပေမယ့် နောက်ကွယ်ကလေ ကြတော့ သူမအကြောင်းကောင်းကြောင်းရော မကောင်းကြောင်းရော ပြောကြပြန်သေးတယ် ။ သူမက အဲလိုလုပ်ကြတာကို မသိချင်ယောင်ဆောင်ပေမယ့် သူတို့ပြောနေတဲ့အချိန်နဲ့ ပက်ပင်းတိုးရင်တော့ မနှောက်ယှက်ရဲအောင် သင်ခန်းစာကောင်းကောင်းပေးတတ်တယ်လေ....။
أنت تقرأ
ရှီရှန်း ရှီရှန်း Book 5 (arc 21 to...)
خيال (فانتازيا)Collaboration book Arc 21 Teenage girl enforcer (Transalator - YoungSone Aurora)