Arc 21.42

1.9K 222 3
                                    

Unicode

အဲ့ဒီကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ရှရှန်းရှန်းက ဘာအဖြေမှမပေးခဲ့တာကြောင့် လေ့ချင်လည်း သူ့အတွက်စဥ်းစားပေးဖို့သာ ပြောလေတယ်။ 

ကျောင်းသားဟေင်းတွေ့ဆုံပွဲဆိုတော့လည်း လူတိုင်းကအရင်အကြောင်းတွေပြောလိုက် စားလိုက်သောက်လိုက်နဲ့ စိတ်လှုပ်ရှားနေကြတာပေါ့... ရှရှန်းရှန်းကတော့ ကာရာအိုကေအခန်းတွင်နေရတာ ပျင်းရတာပျင်းတာကြောင့်ရယ် အခြားလူတွေသူမကိုအာရုံစိုက်နေတာကိုမကြိုက်တာကြောင့်ရယ်ကြောင့် toilet ဆီသာထွက်လာလိုက်လေ၏

သူမလျှောက်လမ်းအရောက်မှာ ပုံရိပ်တခုက သူမအနားလျစ်ခနဲပေါ်လာတာမို့ ရုတ်တရက်လန့်သွားပေမယ့် ထိုပုံရိပ်နောက်အလျင်အမြန်ပြေးလိုက်၏..။ ထောင့်ချိုးတခုကိုဖြတ်ကျော်ပြီးချိန် ထိုပုံရိပ်မှာအစအနပင်မကျန်ပျောက်ကွယ်သွားပြီး လျှောက်လမ်းတလျှောက်လုံး ဘယ်သူမှပင်မရှိတော့ပေ။ 

ရှရှန်းရှန်းနိုင်ငံခြားမှာတုန်းကဆို ကာရာအိုကေဆိုင်ကိုသွားခဲသလို သူ့ခဲအိုကလည်း ထိုနိုင်ငံကစီးပွားရေးလုပ်ငန်းအတော်များများကိုပိုင်ဆိုင်တာမို့ ရှရှန်းရှန်းကိုဘယ်သူကမှ မျက်စောင်းလေးတောင်မထိုးရဲခဲဘူး...

သို့ပေမယ့် ဒီနိုင်ငံမှာဆိုတော့ သူမအကြောင်းသိပ်မသိကြမို့ ဒီလိုနေရာမျိုးက မူးရူးနေတဲ့လူ သိုမဟုတ် မကောင်းအကြံအစည်ရှိသူတွေက သူမလိုအရမ်းချောလှတဲ့သူကိုအန္တရာယ်ပေးနိုင်ပေသည်။ 

သူမနောက်ပြန်လှည့်ရင်း သူမတို့အခန်းကိုပြန်ဖို့လုပ်တဲ့အချိန် မူးရူးနေတဲ့သူအချို့က သူမလမ်းကိုပိတ်ထားချေပြီ။ သူတို့ကို သူမ သင်ထားတဲ့ အရိပ်မဲ့ခြေသိုင်းနဲ့ တဝတီးထည့်လိုက်ဖို့ပြင်နေတုန်း လေ့ချင်တယောက် ရုတ်တရက်ပေါ်လာပြီး ထိုသူတွေကိုနှင်ထုတ်ပလိုက်ချေသည်။ 

"ရှန်းရှန်း နင်အဆင်ပြေရဲ့လား"

"အင်း အဆင်ပြေပါတယ်ဟာ"

သူကသူမအတွက်အတော်လေးစိတ်ပူသွားတာကြောင့် သူမအဆင်ပြေလားသေချာစစ်ဆေးပြီး မေးခွန်းတွေလည်းဆက်တိုက်မေးပြီးမှ စိတ်သက်သာရာရသွား၏။ သူမနောက်လည်းဆက်တိုက်လိုက်ကာအဖော်ပြပေးနေသေးပေမယ့် သူမသူ့ကိုဘာမှဆက်မပြောလိုတော့။ တကယ်ဆို သူမလေးမှာ ပြည်ပမှာနေနေ တရုတ်ပြည်တွင်းမှာနေနေ ရှီးမိသားစု၏ကာကွယ်အောက်မှာရှိတာမို့ ဘယ်သူမှလက်ဖျားနှင့်တောင် ထိရဲကြမှာမဟုတ်တာမှ စိတ်ပူစရာပင်မလိုပေ။ 

ရှီရှန်း ရှီရှန်း  Book 5 (arc 21 to...)Hikayelerin yaşadığı yer. Şimdi keşfedin