~နေခြည်ဖြာသော်~

119 26 3
                                    

~Until You Become Sweet (6)

P.E.ချိန်ပြီးသွားလို့ အဝတ်လဲပြီးထွက်လာတော့
ကန်တင်းမှာ ရေအေးအေးလေးတစ်ဘူး အရင်အပြေးသွားဝယ်ရသည်။ပြန်လာတော့ အခန်းထဲ ဝင်ခါနီး
Chanyeolကို တွေ့လိုက်ရသည်။Chanyeol
ဆီ အမှီပြေးသွားကာ ရေဘူးအေးအေးနဲ့ ပါးကို
ထိလိုက်သည်။ရုတ်တရက် အအေးဓာတ်ကြောင့်
တွန့်ခနဲဖြစ်သွားတဲ့ Chanyeolကြောင့် Baekhyun အူမြူးစွာ ရယ်သည်။

"ငါတို့အတန်းက အားကိုးရတယ်မလား "

ဂုဏ်ယူသလို လေသံနှင့် Baekhyun
မေးလိုက်သည်။Chanyeolက 'ဘာတွေ လာမေး
နေတာလဲ 'ဆိုတဲ့ မျက်နှာ ပြန်ကြည့်ကာ..Baekhyunရဲ့ အမေးကို မေးခွန်းနဲ့ ပြန်ဖြေသည်။

"ဘာလဲ.. ငါ့အတွက် ရန်ဖြစ်ပေးလို့ဆိုပြီး ကျေးဇူးတွေ
တင်လိုက်ရတော့မှာလား "

Chanyeol နဲ့ Baekhyun ကိုယ့်ခုံမှာ ကိုယ်ဝင်ထိုင်လိုက်တဲ့အချိန်မှာ အခန်းထဲ လူပင် သိပ်မရှိတော့။P.E.ချိန်အပြီး နေ့လည်စာ စားချိန်မို့ ကန်တင်းကို အပြေးသွားကြပုံပင်။

အသံလွှင့်အသင်းကနေ သီချင်းတောင်းဆိုတဲ့
ကဏ္ဌအကြောင်း ကြေငြာတာကြားလိုက်ရသည်။

"မဟုတ်တာတွေ... "
Baekhyun ရေရွတ်လိုက်သည်။
P.E.ချိန်မှာ ဖြစ်သွားတဲ့ ကတောက်ကဆက
ဘယ်သူ့အတွက်..ဘယ်သူ့ဘက်က ရပ်တည်တယ်
ဆိုတာထပ်.. အဲဒီ အခိုက်အတန့်မှာ ကိုယ်ပြောချင်တာတွေပြော၊လုပ်ချင်တာ လုပ်လိုက်တာမျိုးပင်..
ဘယ်သူကမှ ကျေးဇူးတင်နေစရာမလို။

"ဘယ်သူကမှ မင်းအတွက် ရန်ဖြစ် ပေးတာမျိုး မရှိသလို.. မင်းကိုလည်း ဘယ်သူကမှ ကျေးဇူးတင်မခိုင်းပါဘူး "

' အဲဒါကို သိရင် ဘာတွေလာပြောနေတာလဲ 'ဆိုတဲ့ မျက်နှာထားနဲ့Chanyeolကြောင့် Baekhyun နားမလည်နိုင်စွာ ရယ်ရင်း

"ငါပြောချင်တာက ဒီအတိုင်း 'အတန်းဖော်တွေက
အားကိုးရတာပဲ' အဲဒီလို ခံစားချက်မျိုး မရဘူးလား လို့လေ..ဒီလိုလေးပဲ ဒီအတိုင်းလေး "

Chanyeolက Baekhyunရဲ့ အမေးကို ပြန်မဖြေ။မေးခွန်းက ခက်လို့ပဲလား။အဖြေကို မသိလို့ပဲလား။
တမင် မဖြေချင်တာလား။ဘာကြောင့်လဲတော့မသိ။

When The Sun Shines(U)Where stories live. Discover now