~ နေခြည်ဖြာသော်~

189 22 6
                                    

~Until You Become sweet (1)

" သတိထား "

မှန်တံခါးကို ဆွဲဖွင့် လိုက်ချင်းမှာပင် ဆိုင်အတွင်းမှ
အလျင်စလို ထွက်လာသူကြောင့် နှစ်ယောက်သား ဝင်တိုက်မိတော့မလို ဖြစ်သွားသည်။Baekhyun
တစ်ဖက်သူကို ထိန်းပေးလိုက်ရင်း ထိုသူကိုင်လာ
သည့် မှောက်တော့မလိုဖြစ်သွားသည့် ကော်ဖီရဲ့
စက်ကွင်းမှလည်း အမြန်ရှောင်လိုက်ရသည်။

"တောင်းပန်ပါတယ် "

အားနားပါးနာတောင်းပန်လာတဲ့ တဖက်သူကို ပြုံးရင်း
အဆင်ပြေတဲ့အကြောင်းပြောကာပဲ ဆိုင်အတွင်း
ဝင်လာလိုက်သည်။

ကျောင်းပိတ်ရက်မဟုတ်လို့လားမသိ ကျောင်းနားက
လူတွေပြည့်ကျပ်နေကြ ကော်ဖီဆိုင်လေးက
ရှင်းလင်းလို့နေသည်။Baekhyun ကောင်တာကို)
လျှောက်သွားလိုက်ရင်း ice americano တစ်ခွက် မှာလိုက်သည်။

" တစ်ခါတည်း ယူသွားလိုက်မယ် "

ပြောကာ ကောင်တာရှေ့ ရပ်စောင့်နေရင်း
ဖုန်းထုတ်ကြည့်လိုက်သည်။

3:35 PM

ချိန်းထားတဲ့ အချိန်ထပ် ငါးမိနစ်နောက်ကျနေပေမယ့်
ရောက်မလာသေးတဲ့ သူငယ်ချင်းတစ်သိုက်ကို
မေတ္တာပို့လိုက်မိသည်။သတင်းလေး ဘာလေးမေး
ဖို့ messengerကိုဝင်လိုက်တော့
ထိပ်ဆုံးမှာ မြင်လိုက်ရတဲ့ Gpနာမည်ကို ကြည့်ပြီး
Baekhyun သက်ပြင်းချလိုက်သည်။

နောက်တစ်ပတ် ဒိုဘယ့်ဂီက Eng Test စစ်မယ်တဲ့

တကယ်ကြီးလား။
ကျောင်းဖွင့်တာတစ်ပတ်ပဲရှိသေးတာကို
စာမေးပွဲစစ်မယ့် ဆရာမကိုပဲလား။
စိတ်ဓာတ်ကျစရာ ဒီလိုသတင်းကို Gp နာမည်ပေး
ထားတဲ့ အူကြောင်ကြောင် တစ်သိုက်ကိုပဲလား။
ကျောင်း စ ဖွင့် ဖွင့်ချင်း ကျောင်းတစ်ပတ် ပျက်ထားတဲ့ ကိုယ့်ကိုကိုယ်ပဲလားမသိ။
Baekhyun သက်ပြင်းချလိုက်မိသည်။

Khyun: ငါရောက်နေပြီ။ဆယ့်ငါးမိနစ်အတွင်း
ဘယ်သူမှ ရောက်မလာရင် ငါဝယ်လာတဲ့ မုန့်တွေ
မေ့လိုက်လို့ရပြီ။

" ice americano ရပါပြီ "

"ကျေးဇူး "

ကျောင်းဆင်းချိန် အမြဲတမ်း လူတွေရှုပ်နေတတ်လို့
အတန်းပြေးပြီး နေရာလုခဲ့ရတဲ့ ထိုင်ခုံနေရာလေးက
အခုတော့ လစ်လပ်နေသည်။ဆိုင်ရဲ့ မှန်တွေကာ
ထားတဲ့နံရံနားလေးမို့ ဖြာကျနေတဲ့ 'ကျ'နေက
ထိုးဖောက်ဝင်နေသည်။ဒီကော်ဖီဆိုင် သေးသေးလေး
မှာ မှန်နံရံနားကပ်ရပ်ရှိနေသည်း စားပွဲက နှစ်နေရာသာရှိသည်။ဘာရယ် ထူးထူးခြားခြားမဟုတ်ပေမယ့်
ဒီနှစ်နေရာက အမြဲလူရှိနေတတ်တာမို့ Baekhyun
တို့ ကျောင်းသားတွေကြားထဲ နာမည်ကြီးသည့်
နေရာဟုပြောလို့ရသည်။

When The Sun Shines(U)Where stories live. Discover now