~Until You Become Sweet (4)
နောက်ဆုံးတော့ ဒီနေ့ရောက်လာခဲ့ပြီ။Engစာဖြေရမယ့်နေ့။အစကတော့ Baekhyunက အေးဆေးပဲ။
အခုမှ ကျောင်းစဖွင့်တာ.. မေးချင်ရာမေး။ဖြေချင်ရာ
ဖြေလိုက်မယ်လို့တွေးထားတာ။ဒါပေမယ့်..ဒိုဘယ့်ဂီက..."အမှတ် ၁၂၀ ဖိုးမှာ.. ၈၀ မပြည့်တဲ့ သူတွေက
နောက်တစ်ပတ် ညနေပိုင်း အချိန်ပိုတက်ပြီး ပြန်ဖြေရမယ်.. "အတန်းထဲ ကျွတ်စိကျွတ်စိ စကားသံတွေထွက်လာတော့ ဒိုဘယ့်ဂီက သင်ပုန်းကို လက်နဲ့ တဖြန်းဖြန်းပုတ်ရင်း
"တိတ်တိတ်နေကြ..ရှေ့မှာ ဆရာမ စကားပြောနေတာကို...ဆက်ပြောမယ် နောက်အပတ်မှာ အမှတ် ၁၀၀ မပြည့်တဲ့သူတွေက.. နောက်လတစ်လလုံး စနေ၊တနင်္ဂနွေ အချိန်ပို တက်ရမယ် "
ဒိုဘယ့်ဂီရဲ့ ထပ်ဖြည့်စကားကြောင့် အတန်းထဲညီးညူ
သံတွေက စောဏကထပ် ပိုပြီး ဆူညံသွားသည်။"တိတ်ကြ တိတ်ကြ ညီးမနေနဲ့.. စာအုပ်တွေသိမ်း
စာမေးပွဲစမယ် ""ဆရာမ... ကျွန်တော်တို့အတန်းပိုင်က စနေ တနင်္ဂနွေတိုင်း ကမ်းခြေဘက်ကို သွားတယ်တဲ့.. ဆရာမ
ဆရာမလည်း အားလပ်ရက်မှာ အနားယူသင့်တယ်လေ "အတန်းထဲက ခပ်ပြောင်ပြောင် ကျောင်းသားတစ်ယောက်ရဲ့စကားကိုကြောင့် ဒိုဘယ့်ဂီက ပထမတော့
ကြောင်သွားသည်။နောက်တော့မှ ဆိုလိုသည့်သဘောကို နားလည်ကာ ဒေါသပုန်ထပြီး"နင်.. ဒီနေ့ စာမေးပွဲဖြေစရာမလိုဘူး အပြင်ထွက်ပြီး
မတ်တပ်ရပ်နေမယ်...နောက်တစ်ပတ် စာမေးပွဲမှာ အမှတ်ပြည့်မရရင်...နင့်ကို တစ်နှစ်လုံး အချိန်ပို တက်ခိုင်းမယ် "ဘယ်လိုပဲ ဆူညံညီးညူကြပါစေ။နောက်ဆုံးတော့လည်း မတတ်နိုင်ဘဲ.. ဒီရထားကြီးက စာမေးပွဲဆိုတဲ့
ဘူတာမှာကပ်သည်။Baekhyunလည်း
ဘာမှမတတ်နိုင်ဘဲ ပြင်ဆင်ထားတဲ့အတိုင်း ဖြေချင်တာတွေသာ ဖြေလိုက်ရသည်။Baekhyunတို့အတန်းထဲမှာ Engအတော်ဆုံးက
အတန်းခေါင်းဆောင်ကောင်မလေးနဲ့ နမ်ဒိုဝန်။ဒါပေမယ့် ဒီနေ့ စာမေးပွဲဖြေပြီးလို့ အဖြေတိုက်ကြတော့..
Baekhyunရဲ့ နောက်ခုံမှာ လူတွေ ဝိုင်းလို့နေသည်။
YOU ARE READING
When The Sun Shines(U)
Romanceငါ့ဘဝရဲ့ အတောက်ပဆုံး အခိုက်အတန့်မှာ အနွေးထွေးဆုံး မင်းနဲ့ ဆုံခဲ့တယ်... အလှပဆုံး အမှတ်တရတွေကို ရိုးရိုးရှင်းရှင်းလေးပဲ ဖန်တီးခဲ့ကြတယ်။ ငါတို့တွေ... ချစ်ခဲ့ကြတယ်။ နေခြည်တွေ ဖြာကျနေသလိုမျိုး...။