~Until You Become Sweet (5)
Baekhyun ဒီနေ့ ကျောင်းကိုရောက်တာစောသည်။
ကျောင်းဝန်းထဲမှာ စက်ဘီးစီးလို့ မရတာကြောင့် အပေါက်ဝမှာတင် ရပ်ပြီး စက်ဘီးပေါ်ကဆင်းကာ တွန်းသွားဖို့ ပြင်လိုက်သည်။"ဟဲ့ အဲဒီတစ်ယောက်မလား ကျောင်းသားသစ် "
"အေး ဟုတ်တယ် "
Baekhyunဘေးက ဖြတ်သွားတဲ့ ကျောင်းသူနှစ်ယောက်ရဲ့ တိုးတိုး ပြောစကားကြောင့် ကားလမ်းမဘက်ကို လှည့်ကြည့်လိုက်တော့ Chanyeolကို
လှမ်းမြင်လိုက်သည်။"Chanyeol..ဒီမှာ "
လက်ပြကာ လှမ်းခေါ်လိုက်ရင်း ကျောင်းပေါက်ဝမှာပဲ
ရပ်စောင့်နေလိုက်သည်။Chanyeol ရောက်လာမှ
ကျောင်းထဲကို အတူဝင်လာသည်။မနေ့ကဖြစ်တဲ့
သိပ်မကြီးကျယ်ပေမယ့် ထူးခြားတဲ့ သတင်းစလေးက
တစ်ကျောင်းလုံးကို ပြန့်သွားတာ တွေ့သမျှ ကျောင်းသားတွေရဲ့ တုံ့ပြန်ချက်ကနေ သိနိုင်ပေမယ့် Chanyeolကတော့ မှု တဲ့ပုံမပေါ်။"Chanyeol မောနင်း "
Baekhyunရဲ့နှုတ်ဆက်စကားကို Chanyeolက
ပြုံးကာပဲ ခေါင်းငြိမ့်ရင်း တုံ့ပြန်သည်။ထို့အပြင် Baekhyun စက်ဘီးရပ်တဲ့နေရာ အထိ လိုက်လာပေးသေးသည်။Baekhyunကတော့ ကျေကျေနပ်နပ်
ပြုံးမိသည်။ပထမဆုံး အတန်းချိန်က Baekhyunတို့အတန်းပိုင်ချိန်။နာမည်ကြီး ဝတၳုတစ်ပုဒ်ကနေ ကောက်နုတ်ထားတဲ့ စာပိုဒ်ကို လေ့လာရတာပင်။ဖတ်စာထဲမှာက ကောက်နုတ်ထားတဲ့ အပိုင်းလေးပဲ ပါတာပေမယ့် အလှလေးက ဝတၳုတစ်ပုဒ်လုံးကို ပါးစပ်နဲ့ ပြန်ရေးပြသည်။Baekhyunတို့ တစ်တန်းလုံး ဆရာ့ရဲ့ လေသံထဲမှာ မြောသွားပြီး အချိန်ကုန်လို့ ကုန်မှန်းပင် မသိတော့။
" ဆိုတော့ မင်းတို့ အားလုံး ဒီစာပုဒ်လေး ဘယ်လို
ဖြစ်တည်လာတယ် ဘယ်လို သဘောရှိတယ်ဆိုတာ
နားလည်သွားပြီလို့ ဆရာထင်တယ်... ""ဝါး ဒီဝတၳုက တကယ် စိတ်ဝင်စားဖို့ကောင်းမယ့် ပုံပဲ
ဝယ်ဖတ်ရမယ် ""တော်ရုံဆို ဝတၳုတွေဘာတွေက စကားနဲ့ပြန်ပြောရင်
အရသာပေါ့သွားတတ်တာ.. တကယ် တော်တဲ့သူတွေများကွာတယ် "
YOU ARE READING
When The Sun Shines(U)
Romanceငါ့ဘဝရဲ့ အတောက်ပဆုံး အခိုက်အတန့်မှာ အနွေးထွေးဆုံး မင်းနဲ့ ဆုံခဲ့တယ်... အလှပဆုံး အမှတ်တရတွေကို ရိုးရိုးရှင်းရှင်းလေးပဲ ဖန်တီးခဲ့ကြတယ်။ ငါတို့တွေ... ချစ်ခဲ့ကြတယ်။ နေခြည်တွေ ဖြာကျနေသလိုမျိုး...။