1.3(U)

3K 475 33
                                    

သူ့ရဲ့ သမီးရတနာလေးက သူ့အပိုင် စျေးဝယ်စင်တာထဲမှာ လက်ကမ်းစာစောင်ဝေနေမယ်ဆိုတာ
ချန်လီကော မထင်ထားခဲ့မိဘူး။

ရှန်းယိုလင်ဟာ တော်တော်ပျော်နေပုံရပြီး
လာသမျှလူတွေကို တစ်ပြုံးပြုံးနဲ့ လက်ကမ်းစာစောင်ဝေလိုက် ကျေးဇူးတင်ပါတယ်ပြောလိုက် လုပ်နေခဲ့သည်။

"ဒါရိုက်တာရှန်း"

စျေးဝယ်စင်တာရဲ့ မန်နေဂျာဖြစ်သူက
မျက်ခုံးမွှေးထက်မှာ ချွေးတွေစို့ရင်း ခေါ်လာသည်။ဒီနေ့သူတို့စင်တာကို သူဌေးလာစစ်တဲ့နေ့ကြမှ သူဌေးရဲ့သမီးက စင်တာထဲမှာ လက်ကမ်းစာစောင်ဝေနေမယ်လို့ ဘယ်သူထင်မှာလဲ.......

ချန်လီကောက လက်ကာပြရင်း သူ့ကိုစကားမပြောဖို့ ပြလိုက်သည်။

ရှန်းယိုလင်ဟာ သီချင်းလေးတစ်အေးအေးနဲ့
ပျော်ရွှင်စွာ ရီဟွိုင်ကို ကူညီနေခဲ့သည်။

စျေးဝယ်စင်တာရဲ့ အလယ်ထဲမှာ ပြေးလွှားနေကြတဲ့လူငယ်လေးနှစ်ယောက်ဟာ နေနဲ့လ
ရွှေနဲ့မြလို ထင်းနေသည်။

ရီဟွိုင်ဆိုတဲ့ကောင်လေးက အလွန်ချောမောသည်။အရွယ်မရောက်သေးလို့ သူ့ရဲ့အစိတ်အပိုင်းတစ်ချို့မဖွံ့ဖြိုးသေးတာတောင်
မျက်နှာကျက အလွန်ချောမောပြီး ကြည့်ကောင်းသည်။ဒါကိုကြည့်ခြင်းအားဖြင့် ကြီးလာလျှင်
ကျက်သရေရှိမဲ့မျက်နှာကျဆိုတာ သိနိုင်သည်။

သူသာ မချောမောခဲ့လျှင် ရှန်းယိုလင်ဟာ သူ့အပေါ်ဘယ်စွဲလမ်းခဲ့ပါ့မလဲလေ။

ချန်လီကောက ရှန်းယိုလင်ကို မကြည့်တော့ဘဲ
ပြောလာသည်။

"သူမပျော်ရင် ပြီးတာပါပဲလေ ဒီတိုင်းပဲထားလိုက်ပါ သူမဘေးနားကတစ်ယောက်က
သူမသူငယ်ချင်းပါ အနာဂတ်မှာ အဲဒီကောင်လေးကို ဂရုစိုက်ပေးဖို့ မန်နေဂျာစွန်းကို အကူအညီတောင်းပါရစေ"

မန်နေဂျာစွန်းက ခေါင်းညိမ့်ပြလိုက်ရင်း
ပြောလာသည်။

"ဟုတ်တာပေါ့၊ဟုတ်တာပေါ့၊ မမလေးရဲ့သူငယ်ချင်းပဲ ကျွန်တော် ဂရုစိုက်သင့်တာပေါ့"

ချန်လီကောရဲ့ စကားကြောင့် ရီဟွိုင်ရဲ့ဘဝဟာ
ပိုအဆင်ပြေလာခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now