3.2(U)

2.7K 446 11
                                    

ရီဟွိုင်က သူ့အမေဆုံးသွားပြီးကတည်းက
ပိုပြီး တိတ်ဆိတ်လာခဲ့သည်။သူကြောက်တဲ့ပုံစံပြတဲ့အချိန်ဟာလည်း ပိုမိုနည်းပါးလာရသည်။

"ရီဟွိုင်...ကျောင်းမှာ ယိုလင်ကို ဂရုစိုက်ပေးပါဦးနော် ဦးလေးသူ့ကို အများကြီး ပြောထားပေမယ့်
ဦးလေးမရှိရင် သူဘာမှမလုပ်တတ်မှာ ဦးလေး
စိုးရိမ်တယ်"

ချန်းလီကောက ပြောလိုက်တော့ ရီဟွိုင်က ဟုတ်ကဲ့တစ်လုံးသာ ပြန်ဖြေခဲ့သည်။

နွေရာသီအားလပ်ရက်အတွက် ၁၀ရက်ကျော်ကျန်သေးသည့်အတွက်ကြောင့် ချန်လီကောက သူတို့နှစ်ယောက် ဘယ်လိုအချိန်ဖြုန်းကြမလဲ
မေးလာသည်။

ရှန်းယိုလင်ကတော့ နိုင်ငံခြားသွားချင်တယ်ပြောပေမယ့် ရီဟွိုင်ကတော့

"ကျွန်တော် ဆရာရှန်းဘေးနားမှာ သင်ယူချင်တယ်"လို့သာ ပြောလာသည်။

သူကဒီလိုပြောလာတော့ ချန်လီကောက ရှန်းယိုလင် တစ်ယောက်တည်း ကိုသာ Vနိုင်ငံသို့
သူ့လူတွေနဲ့ လွှတ်လိုက်သည်။သူမ မသွားခင်နေ့ထိ ရှန်းယိုလင်က ရီဟွိုင်ကို သူမနှင့်အတူတူ
သွားရန် ပြောနေသည်။

ဒါပေမဲ့ ရီဟွိုင်ပြောလာတာကတော့.....

"သွားပြီးပျော်ခဲ့ပါ ငါ့ကိုဂရုမစိုက်ပါနဲ့"

ဟုသာ။

ရှန်းယိုလင်ကရီဟွိုင်ကို ပြောမရတော့ သူမသူ့အတွက် လက်ဆောင်ဝယ်လာမယ်ဟုပြောလိုက်သည်။

ရီဟွိုင်က ခေါင်းညိမ့်ပြလိုက်ပြီး "သွားပါ"
လို့ ပြောလိုက်သည်။

ချန်လီကောကလည်း အချိန်ဆွဲမနေတော့ဘဲ
ရီဟွိုင်ကို အခြေခံပညာတွေဖြစ်တဲ့ သေနတ်ကိုင်နည်း၊အတိုက်အခိုက်စွမ်းရည်များနှင့် လိုအပ်သော ကိုယ်ခံပညာများကို သင်ကြားပေးလိုက်သည်။

ရီဟွိုင်က သူ့ရဲ့မှတ်ဉာဏ်ဆိုးတွေကို သင်ယူနေရင်း မေ့ပျောက်နေသည်။သူက နေ့တိုင်း မနက်
၅နာရီထပြီး ၁၂နာရီမှ အိပ်ရာဝင်သည်။

ချန်လီကောက သူ့ကို မကြီးကြပ်ပေးနိုင်ပေမယ့်
သူ့ခန္ဓာကိုယ်အတွက် အာဟာရဖြစ်မည့်
စွတ်ပြုတ်များ ချက်ပေးဖို့တော့ စာဖိုမှူးကို
မှာထားသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang