8.2(U)

2.5K 407 14
                                    


ချန်လီကော ထွက်ခွာလာပြီးနောက် လုပ်ငန်းအကုန်လုံးကို ရီဟွိုင်တစ်ယောက်ပဲ သိမ်းကြုံးလုပ်ရသည်။

သူထွက်သွားပြီးတဲ့နောက် ချန်လီကောမှာ အကြမ်းစားစိတ်ကူးတွေနဲ့သာ ကျန်ခဲ့သည်။သို့သော်လည်း ညတွေများစွာကြာပြီးတဲ့နောက်
ရီဟွိုင်ဆီကနေ ဖုန်းဆက်လာခဲ့သည်။

ဖုန်းထဲမှာ ရီဟွိုင်က........

"သခင် တစ်ခုခုပြောပါဦး ကျွန်တော် သခင့်အသံလေးကို ကြားချင်လို့ပါ"

ချန်လီကောကလည်း စိတ်ထဲရှိရာ သူ့လုပ်ငန်းတွေအဆင်ပြေမပြေ လျှောက်မေးလိုက်သည်။

"သခင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

နောက်ပိုင်းမှာ ချန်လီကော သိလာတာက သူ့ကိုနေ့တိုင်း ဖုန်းမခေါ်ရရင် ရီဟွိုင်တစ်ယောက် အလုပ်ဆက်မလုပ်နိုင်ဘူးဆိုတာပဲ.....

[T/N သိပါတယ် မကြွားပါနဲ့🙄]

နှစ်ဝက်လောက် ကြာသွားတာတောင် နှစ်ယောက်သား မတွေ့ကြရဘူး......

ချန်လီကောရဲ့ ဦးနှောက်ကလည်း ပုံမှန်အတိုင်းပဲရှိနေတုန်းပဲ။သူ့ခေါင်းထဲမှာ ညစ်ညမ်းတဲ့အတွေးတွေပြည့်နေပေမဲ့လည်း ဦးနှောက်က ပြဿနာမရှိတော့ ဆရာဝန်တွေကိုယ်တိုင်တောင် ဘာလုပ်ရမလဲမသိတော့ပေ။

နှစ်ဝက်ကြာပြီးပထမဆုံးအကြိမ် သူတို့ပြန်တွေ့တော့ ရီဟွိုင် အခြေအနေက အဆင်ပြေတဲ့ပုံ ရှိခဲ့သည်။

သို့သော်လည်း ချန်လီကောက သူ့လက်အောက်ငယ်သားတွေကို အပြင်ထွက်ခိုင်းလိုက်ရင်း ရီဟွိုင်ကို ပြောလာခဲ့သည်။

"မင်းအဝတ်တွေကို ချွတ်လိုက်"

ရီဟွိုင်က ပေကပ်ကပ်ရပ်နေပြီး သူ့မျက်နှာကလည်း ချက်ချင်း နီရဲလာခဲ့သည်။

"သခင်???"

"ငါမင်းကို ချွတ်ခိုင်းရင် ချွတ်လိုက်ပေါ့"

ချန်လီကောက အေးစက်စွာ ပြောလာခဲ့သည်။

ရီဟွိုင်က သူ့နှုတ်ခမ်းတွေကို စေ့လိုက်ရင်း ချန်လီကော စကားကို နားထောင်ခဲ့သည်။

ထို့နောက် သူ့အပေါ်အင်္ကျီကိုချွတ်လျက် အောက်က ရှပ်အင်္ကျီကိုပါ ချွတ်လိုက်တော့ ခန္ဓာကိုယ်အပေါ်ဘက်ကနေ ဝမ်းဗိုက်ကို ကန့်လန့်ဖြတ်ပတ်တီးစီးထားသည်ကို တွေ့လိုက်ရသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now