1.2(U)

3.3K 507 10
                                    

ချန်လီကောက ပြောလာသည်။

"ရေခဲချောင်းက အရည်ပျော်တော့မယ်"

ရှန်းယိုလင်က ထိတ်လန့်သွားသည်။သူမ မတွေးတောနိုင်တော့ဘဲ သူမအိတ်ထဲက ကကျန်နေတဲ့တစ်ချောင်းကို ထုတ်လိုက်ပြီး
သူ့ကိုပေးလာသည်။

"အဖေ စားပါဦးလား"

ချန်လီကောက ရှန်းယိုလင်ရဲ့ ကြောက်ရွံ့နေတဲ့
မျက်နှာအမူအရာကိုကြည့်လိုက်ရင်း ရှန်းယိုလင်ပေးလာတဲ့ရေခဲချောင်းကိုယူလိုက်ပြီး အခွံခွာလိုက်သည်။

ဒါက သူ့အဖေ ရေခဲချောင်းစားတာ ရှန်းယိုလင်
ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

သူမက သူရေခဲချောင်းစားတာကို အစအဆုံးကြည့်နေခဲ့သည်။သူ့ရဲ့သွားဖြူဖြူနဲ့ တစ်ကိုက်ကိုက်လိုက်ပြီး နီရဲနေတဲ့လျှာ သွင်းလိုက်ထုတ်လိုက်လုပ်နေတာကိုကြည့်ပြီး ပူလာသလိုခံစားလိုက်ရသည်။

"ရေခဲချောင်းတွေ ကျန်နေသေးတာပဲ မင်းဘယ်သူ့ကိုပေးဦးမလို့လဲ?????"

"သမီး...သမီး လာဝေတာ"

ဘယ်သူမှ မယုံမည့် အလိမ်အညာကို ရှန်းယိုလင်ကပြောလိုက်သည်။

သူမက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။

"သမီးက ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်က
အလုပ်သမားတွေကိုလာဝေတာ......"

"ဒါဆိုလည်း သွားဝေလေ"

ရှန်းယိုလင်ရဲ့ မျက်ဝန်းတွေကျယ်သွားသည်။
သူမအဖေက သူမအတန်းမတက်ဘဲ ဒီကိုလာတာကိုသိလျက်နဲ့ သူမကိုဘာတစ်ခွန်းမှမမေးသောကြောင့် ဖြစ်သည်။

"သမီးသွားမဝေရင် သူတို့အရည်ပျော်ကုန်တော့မယ်နော်"

"သွားးး"

သူမအဖေစိတ်မပြောင်းခင် သူမက ခေါင်းကို
လေးလံစွာ ညိမ့်လိုက်ပြီး လူအုပ်ကြီးဆီသို့ပြေးလိုက်သည်။သို့သော်လည်း ဒီတစ်ကြိမ်တော့
သူမဟာ ရီဟွိုင်တစ်ယောက်တည်းကို သီးသန့်မပေးရတော့ဘဲ သူ့အဖေရှေ့မှာ တခြားသူများကိုပါ ရိုရိုသေသေပေးနေရသည်။ အိုး ပြောဖို့မေ့သွားတာပဲ ရီဟွိုင်ဆိုတာ သူမချစ်နေတဲ့
မကောင်းတဲ့အကောင်ပေါ့။

Perfect Destiny Arc7 မြန်မာဘာသာပြန်Onde histórias criam vida. Descubra agora