သူက စ်ိတ်ရှုပ်စရာဘဲ!!

698 89 81
                                    

နောက်နေ့မှာ ဟီဆွန်းဟျောင်းက ပြောစရာရှိတယ်ဆိုကာ နေ့ခင်းပိုင်း dorm ဆီ ဆောနူးနှင့် အတူရောက်လာသည်။
သူတို့အားလုံး ဧည့်ခန်းမှာ ဝိုင်းထိုင်နေရင်း ဟီဟွန်းဟျောင်းက စကားစလာသည်။
" အခုကစပြီး ဆောနူးက ဆောင်ဟွန်းနဲ့ ဂျောင်ဝန်းရဲ့ အဝတ်စားပိုင်းကိုတာဝန် ယူပေးမယ် နီခီ နဲ့ ဂျိတ် ကိုက ဂျေး တာဝန်ယူပေးမယ် ဂျိတ် အဆင်ပြေမလား? "

ဂျိတ်ကို လှမ်းမေးရင်းပြောလာတဲ့ ဟျောင်းစကားကြောင့် ဆိုဖာပေါ်မှီကာ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ဆောင်ဟွန်း ဆက်ခနဲ ထထိုင်ကာ မျက်ခုံးတွေ တွန့်ချိုးလာသည်။
*သူကြားတာ တစ်ခုခုလွဲသွားသလား? *

ဟျောင်းက ဆောနူးဘက်လည့်ကာထပ်ပြောလာသည် ။
" ဆောနူးကတော့ အဆင်ပြေတယ်မလား ဂျေး ကကြိုပြောပြီးပြီ နော်?"
ဆောနူက မျက်လုံးလေးမှိတ်သည်အထိပြုံးကာ ခေါင်းလေး ညိတ်ပြသည်။

ဆောင်ဟွန်း မျက်ခုံးတွေက ပိုလို့တွန့်ချိုးလာရသည် နှစ်ခုထိစပ်တော့မတက်!
" ကျွန်တော် ကိုကြတော့ကော ? ဘာလို့မမေးတာလဲ? "
ဟီဆွန်း ကဆောင်ဟွန်းမျက်စိမျက်နှာ ပျက်နေတာကိုသတိမထားမိဟန် ပေါ့ပေါ့ပါးပါးဆိုလိုက်တဲ့စကားကြောင့် ကျန်တဲ့ ၄ ယောက်မှာ ဇက်ကလေးပုဝင်သွားရသည်။

" ဂျေးက မင်းကိုပြောင်းခိုင်းတာလေ မင်းကလွှဲရင်ဘယ်သူနဲ့ဖြစ်ဖြစ်ရတယ် ၊ မင်းလည်း သူနဲ့အဆင်မပြေဘူးမလား အဲ့တာကြောင့်.."
ပြောနေတဲ့စကားဟာ ဝုန်းခနဲ ထရပ်သူကြောင့်မဆုံးလိုက်။

အံကိုကြိတ်ကာ မထိတထိပြုံးလိုက်ရင်း သူ့ကိုသူပြောနေသလားထိုင်နေတဲ့သူတွေဘဲမေးနေလား မကွဲတဲ့ စကားတစ်ခွန်း ၊
" သူက ပြောင်းခိုင်းတယ်ပေါ့ !"
အပြုံးကပျောက်သွားကာ လက်သီးဆုပ်ကတင်းခနဲ
*ပတ်ဂျေး ..! *

ခုံပေါ်က အပေါ်ထပ်ကိုဆွဲကာ mask နှင့် ဦးထုတ်ကိုကောက်ဆွတ်ပြီး အပြင်ထွက်သွားတဲ့ သူကို ဟီဆွန်း လှမ်းမတားလိုက်နိုင်။
သူ့နဖူးသူရိုက်ကာ ပြောလိုက်တဲ့စကားက
" ဂျေးကပြောင်းခိုင်းတယ်ပြောတော့ သူ့မာန ကို ထိခိုက်သွားမှာဘဲ ! တကယ်ဘဲ ငါကလဲ စကားကိုသေချာမပြောလိုက်မိဘူး .."

My Annoying IDOl Место, где живут истории. Откройте их для себя