ခများအပေါ်နိုင်ကွက်ရပြီ..( 1st kis...nvm)

696 63 14
                                    

-ပွဲနေ့​ -

အဲ့ရောက်မှ ပြင်ဆင်တာမျိုးမလုပ်ဘဲ ဆောင်ဟွန်း အရင် makeup ပါးပါးလေး on လာသည်။ hairstylist အကိုကြီးကလဲ ဆံပင်ငွေမင်ရောင်တွေကို hair up လုပ်ပေးလိုက်တော့ နဖူးပြေပြေတို့ကရှင်းရှင်းလင်းလင်း ၊
မဲနက်နေသည့် မျက်ခုံးထူထူတို့က ပိုကာ ပေါ်လွင်လို့။

ကားထဲမှာထိုင်နေရင်း သူ့ထက်ပိုကာ စိတ်လှုပ်ရှားနေသော ဂျေးဟျောင်းကို ကြည့်နေမိသည်။
ဆောင်ဟွန်းလက်မှာ accessories တစ်ချို့ဆင်ပေးနေတဲ့ ဟျောင်းလက်တွေက အနဲငယ်တောင်တုန်နေသေးသည်။

" မမေ့နဲ့နော် စင်ပေါ်တက်ရင် အဖြူဘက်ပြောင်းဝတ်ဖို့ ၊ မင်းနဲ့စင်ပေါ်တွဲတက်မဲ့ ကောင်မလေးက အနက်ရောက်ဝတ်လာတာတဲ့ ၊ နှစ်ယောက်စလုံး မဲနက်နေရင် သိပ်မလှဘူး ၊ အာ ပြီးတော့ လက်ကိုသတိထားမယ်နော် ..
ပြီးတော့ cufflinks ပြန်တပ်ဖို့မမေ့နဲ့  .. ပြီးတော့"

"ဂျေးဟျောင်း ဟျောင်းကိုယ်တိုင်ဘဲ လိုက်လာလိုက်ပါတော့လား "

"မရပါဘူး "

"ရတယ်လို့ ပြောပေးမယ်"

ခေါင်းတစ်သွင်သွင် ရမ်းရင်း
"No no no no! I believe you! You can do it !!"

ကားရပ်တာနဲ့  အဝတ်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ကာ ဂျေးဟျောင်း၏ ပါးတစ်ဖက်ကို ဆွဲညစ်ရင်း 'ကြည့်နေဖို့မမေ့နဲ့ ' ဟုမှာရင်း တံခါးဖွင့်ကာ ကားပေါ်က ဆင်းရုံရှိသေး ကင်မရာတွေက ဆောင်ဟွန်း ဘက်ဆီသို့။
ဒီနှစ်နှစ်ကျော်အတွင်းမှာ ဆောင်ဟွန်းတို့လေးယောက်အဖွဲ့ က အရမ်းကို နာမည် ရနေပြီဖြစ်သည်။ Kpop industry မှာ မကြိုက်တဲ့သူရှိမည်ဖြစ်သော်လည်း မသိသူက ရှားမှရှား အနေထားထိ။

ဆောင်ဟွန်းက ကျော့ကျော့မော့မော့နှင့် ခြေတစ်လှမ်း လှမ်းဖို့ပြင်ရုံရှိသေး နောက်ဘက်မှ လက်တစ်စုံ အင်း အတိအကျပြောရရင် လက်လုံးလုံးလေးက ကားထဲနေ ဆောင်ဟွန်းလက် ကိုလှမ်းဆွဲ ရင်း လက်သန်းလေးမှာ လက်စွပ် စွပ်ပေးလာသည် ၊ ဆောင်ဟွန်းက လှည့်ကြည့်ရင်း  တကယ့်ကို နူးနူးညံ့ညံ့ပြုံး နေသည်ကို ကင်မရာပေါင်းများစွာက အမိအရ ရိုက်ယူ ထားမိသည်။

My Annoying IDOl Where stories live. Discover now