Vanilla Latte w/ Cream on Top + 🍬🍒🍓?

882 68 34
                                    

နားနေခန်းသို့ရောက်သည်နှင့် ဂျေးက မှန်တင်ခုံရှေ့က ထိုင်ခုံသို့သာ ပစ်ကာဝင်ထိုင်သည်။
သူအရမ်းညောင်းနေပြီဖြစ်တာမို့  ဆိုဖာထိတောင်လှမ်းမလျှောက်ချင်တော့ပေ။
ဆောင်ဟွန်းကတော့ ဂျေးနံဘေးသို့လာကာ ဂျေးနှင့်မျက်နှာချင်းဆိုင်အနေထားနှင့် မှန်တင်ခုံမှာ အနည်းငယ်မှီနေလိုက်သည်။
သူ့လက်နှစ်ဖက်က မှန်တင်ခုံပေါ်နောက်ပြန်ထောက်ကာနေလျက် ဂျေးဖက်သို ခေါင်းလေးစောင်းကာကြည့်လိုက်ရင်း ချိုသာဆွဲငင်သောအသံ​လေးဖြင့်ပြောလာသည်။

" ဟျောင်း~ ပင်ပန်းနေပြီလား?
အရမ်းကြီး ပင်ပန်းသွားတာလားဟင်..
ဒီနေ့နားလိုက်တော့မလား ?"

အနှီလူသား၏ ချိုမြမြအသံကြောင့်ဂျေးမှာ ပင်ပန်းမှုတွေပင် တစ်ဝက်လောက်သက်သာသွားသလိုခံစားလိုက်ရသည်။
သို့သော် ဒါကခံစားချက်ဘဲလေ ။ သူ့ကိုယ်ကတော့ အရမ်းကို သက်သောင့်သက်သာမရှိလှစွာနှင့်အနေကျပ်နေတုန်းပင်။
ဒါကြောင့်ဂျေးက သက်ပြင်းတစ်ချက်ချကာ

"ရပါတယ် ခနလောက်နားလိုက်ရင်ဖြစ်တယ်။
ငါကအဲ့လောက် မနုပါဘူးကွ။ အခုက နေရထိုင်ရခက်နေလို့ဘဲ ။ ဒါတွေက အရမ်းကျပ်နေတယ်"

ဆောင်ဟွန်းက ခပ်ဖွဖွရယ်သည်။ သူ့၏ဟျောင်းမှာ အမြဲတမ်း ခပ်ပွပွ နှင့် ချောင်ချိချိအဝတ်စားများကိုသာ ဝတ်တတ်သည်မဟုတ်ပါလား။
ကျောင်းတုန်းကဆိုလဲ ကျောင်းအင်္ကျီကို ဘယ်သောအခါမှသေသေချာချာ သပ်သပ်ရပ်ရပ်ဝတ်သည်မရှိ။
လည်ပင်းကျယ်သီး ကိုဖြုတ်ထားရသည်နှင့်၊
Necktie မတပ်သည်နှင့် ၊ တပ်လာရင်လည်း ခပ်လျောလျောဆွဲဖြည်ခံထားရသည်ကခပ်များများ။
Vest ဆိုရင်လည်းမဝတ်ပေ ။
ဒါကြောင့်စတွေ့တုန်းက ခပ်ဆိုးဆိုး ကျောင်းသားဟု ထင်ခဲ့မိသည်က ဆောင်ဟွန်းအလွန်မဟုတ်။
အခုကျမှ အကြောင်းရင်းကို ဆောင်ဟွန်းသိခြင်း။

"ဒါဆိုလဲ အဝတ်ခနလဲထားလိုက်လေ ။
ဘာဖြစ်ဖြစ် ခနနေလဲနောက်တစ်စုံလဲရမှာဘဲကို"

ဂျေးက လည်ရှည်ဘွတ်ဖိနပ်ကြီးကိုချွတ်ရင်းပြောလာသည်။
" ငါအစကဝတ်ထားတဲ့ ဟာတွေက ဆောနူးဆီပါသွားတယ် ။
အခုသူက မရှိတော့ဘူးလေ ၊ဂျောင်ဝန်း က တခြား schedule ရှိလို့ သူသွားရမယ်ပြောထားတာ ၊ အဲ့တာ လောလော လောလော ပြန်တော့ မေ့ပြီးပါသွားတယ်ထင်တယ်။ရပါတယ် အခုလိုဆိုလည်းနေသာပါတယ်။ မင်းလဲချင်ရင်သွားလဲလေ "

My Annoying IDOl Dove le storie prendono vita. Scoprilo ora