ပုရွက်ဆိတ် ကိုက်ကုန်ပြီ နှလုံးသားလေးကို

711 82 43
                                    

ဂျေးက coffee machine က ကော်ဖီပူပူလေးနှစ်ခွက်ယူလာကာ အခန်းရှေ့ရပ်စောင့်နေသည့်ဆောင်ဟွန်းဆီ တစ်ခွက်ကမ်းပေးလိုက်သည်။

"ညဘက်တွေမသောက်တက်ရင်လဲ နွေးအောင်ကိုင်ထားလိုက်။ ကြည့်အုံး မင်းနှာခေါင်းထိပ်တွေ နီရဲနေတာဘဲ ။
ဘာလုပ်နေတာလဲ အပြင်မှာ ရပ်ပြီး အထဲကလဲ ထူထူထဲထဲ ဝတ်မလာဘူးရော်၊ အာရား မင်းက idol လေကွာ အဓိက လည်ပင်းက်ိုဂရုစ်ိုက်ရမှာပေါ့"

သူကို ကျောပေးကာ စကားတွေတစ်တွတ်တွတ်ပြောနေရင်း တစ်ခုခုကို ရှာနေတဲ့ ဟျောင်း ။
* တကယ် လုံးလုံးလေးကွာ ငါတော့ အသဲယားလို့ ဖျစ်ညစ်ချင်တာဘဲသိတယ် ၊ ကော်ဖီခွက်မကိုင်ထားဘဲ အရှေ့ကပျားရည်လုံးကို ဖက်ထားလို့မရဘူးလား *

ဆောင်ဟွန်းတစ်ယောက်သူ့အတွေးကိုသတ်ိထားမိတော့ ပါးလေးနှစ်ဖက် ပူတက်သွားရသည်။ သူကိုယ်သူ အခုမှရှက်သွေးဖြာနေတဲ့ လူပျိုပေါက်လေးလို ခံစားနေရသည်။

ဂျေးဟျောင်းက မာဖလာလေး ကိုင်ကာသူ့ဆီလာနေရင်း
ထိုင်နေတဲ့သူ့ရှေ့ရပ်ကာ မာဖလာပတ်ပေးလာတော့ ဆောင်ဟွန်းကိုယ်က တောင့်ခနဲ လက်နှစ်ဖက်ပေါ် ပူသွားတာလဲ ခံစားမိလိုက်သည်။ အုပ်ကိုင်ထားတဲ့ ကော်ဖီကိုသူ သတိလက်မဲ့ အသာ ဖျစ်မိသွားသည်လေ။

ဟျောင်းကတော့ မာဖလာပတ်ပေးနေရင်း
"ဒါကအသစ်ဘဲနော် ငါမသုံးရသေးဘူး အသန့် အသန့်၊
တွေ့လား မင်းဘယ်လောက်အေးနေလဲကြည့်စမ်း၊ မျက်နှာတွေပါနီရဲနေတာ၊ ဘယ်လောက်အရေးကြီးကြီး ကိုယ့်ကိုတော့ဂရုစိုက်ရမယ်လေ"

သူ့မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ဝင်ထိုင်ရင်း ကော်ဖီခွက်ကို လက်ကလေးနှစ်ဖက်ဖြင့်ကိုင်ကာ ဖူးခနဲ မှုတ်ထုတ်ရင်း တစ်ငုံငုံလိုက်သည့် ဟျောင်းကို ဆောင်ဟွန်း မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။
*သူဘားမှ မခံစားရဘူးလား*

"ဘာလို့ အခုချိန်ကြီးမှလာတာလဲ နောက်ကျနေပြီကို"
" ကျွန်တော် ညနေပိုင်းလာမလို့ဘဲ ဒါပေမဲ့ မှေးကခနဲ အိပ်ပျော်သွားတာ ၊ နိုးတာနဲ့ လာခဲ့တာ ဟျေ..ခများစောင့်နေမှာစိုးလို့၊ အကြောင်းလဲမပြန်မိလိုက်ဘူးလေ ၊ အဲ့တာကြောင့် "

My Annoying IDOl Where stories live. Discover now