ငါ့အိုင်ဒေါကတကယ်စိတ်ရှုပ်စရာဘဲ !ပြီးပြည့်စုံလွန်းတယ်!!

762 71 26
                                    

"ဂျေးအီဟျောင်း!"

"ဟျောင်း ..လို့! "

* သွားပြီ သွားပြီ သွားပြီ!! ဘာတွေလဲ? ပတ်ဆောင်ဟွန်းက ငါ့ကိုဘယ်လိုတွေတောင်ခေါ်နေတာလဲ!
Cute type တွေဆင်ပေးဖို့ကြိုးစားရင် အသကုန်ငြင်းတဲ့သူက ချစ်စရာကောင်းအောင်တွေလုပ်နေတာဘဲ!
ဘာလဲ ငါအခုသူ့ကို ချစ်ဖို့ကောင်းတယ်တွေးနေတာလား..
ဝါးးး ပတ်ဆောင်ဟွန်း က အရမ်းစိတ်ရှုပ်အောင်လုပ်တာဘဲㅠㅠ*

ဆောင်ဟွန်းကိုလှည့်မကြည့်လာတဲ့ ဟျောင်းကြောင့် ပခုံးကဆွဲကိုင်ကာ ဆောင်ဟွန်းဖက်လှည့်စေလိုက်သည်။
မျက်မှောင်ကြီးကျုံ့ကာ သူ့ကိုပြန်ကြည့်လာတဲ့ဟျောင်း။
ဆောင်ဟွန်းကတော့ ရယ်ကျဲကျဲနှင့် ပခုံးပေါ်လက်နှစ်ဖက် ဆန့်တင်ထားရင်း ခပ်နှောက်နှောက်ပြောမိပြန်တော့သည်။
"ပွဲက weekend မှလေ အခုမှ Monday ဘဲရှိသေးတယ် ပြီးနေပြီလားတဲ့ ။ အိပ်ရေးတွေအပျက်မခံပါနဲ့ဆိုမှကွာ
အခုကြည့် မျက်နှာမှာ အဖုတွေတောင်ပေါက်နေပြီ မျက်တွင်းကိုလဲကြည့်အုံး အရင်ကထက်နှစ်ဆလောက်ပိုချိုင့်ဝင်ကုန်ပြီ ။ ကျွန်တော်တောင်ဝင်နေလို့ရနေပြီ"

ဂျေးပခုံးကိုလက်နှစ်ဖက်တင်ထားရင်း ထိုလက်ပေါ်အားအပြည့်ထည့်ထားပုံရသည့်ဆောင်ဟွန်း။
ပြောလာသည့်ပေါက်ကရ စကားတွေကြောင့် ဂျေးက
"မင်း မဟုတ်တာလျှောက်ပြောမနေနဲ့" ဟုပက်ခနဲ ပြန်ပြောပြီး သူ့လက်ကိုဖယ်ချလိုက်သည်။ တွေးထားသည်က သူယိုင်လဲသွားလိမ့်မည်ဟု။
တကယ်လဲယိုင်ကျလာပါတယ် သို့သော်ဂျေး တည့်တည့်ကို ။ ဦးနှောက်က အိပ်ရေးပျက်တဲ့ရက်များလို့သေချာအလုပ်မလုပ်တော့ပုံဘဲ ။သူမှီနေတာ ဂျေးကိုလေတဲ့ ။

လက်တစ်ဖက် ဖယ်ချခံလိုက်ရတဲ့ ဆောင်ဟွန်းက ဟန်ချက်ပျက်ကာ ဂျေးထံပါးသို့ တန်းတန်းမတ်မတ်ပစ်ဝင်သည်။
ရင်ဘတ်နှစ်စုံက နီးကပ်သွားရပါသည်။ တင်ထားတဲ့လက်တစ်ဖက်က အနောက်သို့ချော်ကာ ဘယ်ဘက်ပခုံးကိုသွားသိုင်းမိတော့ အရင်တခါထက် ပိုကာ နီးကပ်သွားရသလို ။
'ဟင့်'
ဆောင်ဟွန်းနှုတ်ခမ်းပါးက ဂျေး၏ ပျားရည်ရောင်ဝင်းသော ပါးနုနုက ဖြတ်ဆွဲမိပြီး အမြဲစကားကပ်ပြောနေကြ နားဖျားမှ နားသံသီးအနားအဆုံးသတ်သည်။
...
'ချက် ချက် ချက်...'
စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အချို့ကုန်သွားပေမဲ့ ပတ်ဆောင်ဟွန်းက တုန့်တုန့်မလှုပ်။

My Annoying IDOl Nơi câu chuyện tồn tại. Hãy khám phá bây giờ