နှင်းမှုံခပ်ဖွဲဖွဲကျနေတဲ့လမ်းမတလျှောက်လူသွား
လူလာနှင့်စက်ဘီးသမားတွေရှုပ်ရှပ်ခက်နေသည်အသက်အရွယ်ကွဟပုံပေါ်တဲ့ကလေး
နှစ်ယောက်ကကုန်စုံဆိုင်လေးထဲကပြေးထွက်
လာကာ စက်ဘီးသမားတွေကိုရှောင်ပြီး
လမ်းမပေါ်သို့ရောက်တော့"JiJi ဦးထုပ်သေချာစောင်းထား နှင်းတွေ
အရမ်းကျနေတယ်""Oppa ဒီသကြားလုံးတွေကို Omma
မမြင်အောင် အိမ်ရှေ့က သစ်သားပုံနား
မှာဖွက်ထားရင်ကော"ထိုကလေးငယ်ကစိတ်လှုပ်ရှားစွာဖြင့်စကားပြော
သည့်အချိန်မျက်လုံးလေးတွေမှိတ်ကျသွားပြီး
ပိုးစားနေသည့်သွားလေးတွေပေါ်လာသည်"နင်သွားပိုးတွေစားနေတာ သကြားလုံးတွေ
မစားပဲနေပါလား ကြီးမေသိရင်ငါတော့ဖင်
မထိုင်နိုင်အောင်အရိုက်ခံရတော့မှာပဲ""မကြောက်ပါနဲ့ Oppa ရဲ့ ကျွန်တော်မသိဘူးလို့ပဲ
ပြောလိုက်ပေါ့"စကားပြောရင်းနှင့်
အင်္ကျီအိတ်ထဲကသကြားလုံးတစ်လုံးကိုပြန်ထုတ်
ကာစက္ကူစကိုခွာနေပေမယ့်လက်အိတ်ကြောင့်
ခွာမရဖြစ်နေသည်"Oppa ခွာပေးမယ် ဒီဟာကုန်ရင်နောက်ထက်
သကြားလုံးထပ်မစားတော့ဘူးလို့ကတိပေး
ထားတာမမေ့ရဘူးနော်""Nae"
ကောင်လေးကသူ့လက်အိတ်တစ်ဖက်ကိုချွတ်ကာ
သကြားလုံးကိုပက်ထားတဲ့စက္ကူစကိုခွာပေး
နေသည်အေးလွန်းတဲ့ရာသီဥတုကြောင့်နှစ်ယောက်လုံး
နှာဖြားလေးတွေရဲနေသည်
ပိတ်ထားတဲ့ဆိုင်တစ်ဆိုင်ရှေ့ကတံစက်မြိတ်
အောက်မှာဝင်ရပ်ကာ"ဒီသကြားလုံးကုန်မှပြန်ရအောင် မြန်မြန်စား"
"အင်း"
သကြားလုံးလေးကိုပါးစပ်ထဲထည့်ပေးလိုက်တော့
ဆောင့်ကြောင့်ထိုင်ကာသကြားလုံးကိုအရသာခံ၍
စားနေသည်လမ်းသွားလမ်းလာလူတွေကိုလိုက်ကြည့်နေပြီး
ကောင်လေးက ကလေးမလေးခေါင်းကဦးထုပ်
ကိုသေချာပြန်စောင်းပေးနေသည်
YOU ARE READING
Belief
Fanfictionယုံကြည်ရာခရီးတစ်ခုကိုလျှောက်လှမ်းရာမှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေရှိနေပါစေ အသက်ရှင်နေသရွေ့တော့ ခရီးဆုံးရောက်အောင် ဆက်လျှောက်နေရမှာပဲ ယုံကြည်ရာခရီးတစ်ခုကိုလျှောက်လှမ်းရာမှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေရှိနေပါစေ အသက်ရှင်နေသရွေ့တော့ ခရီးဆုံးရောက်အောင် ဆက်လ...