၁၀

819 118 9
                                    

Jennie ကဘာသဘောနှင့်သူ့ကိုထိုကဲ့သို့
ပြောလဲ Jisoo အလျင်အမြန်စဉ်းစားနေမိသည်

"ကျွန်မရှင့်ကိုသဘောကျတယ်"

ရှေ့ကစကါးတစ်ခွန်းတောင်ပြန်မပြောနိုင်သေးချိန်
ရုတ်တရပ်ကြီး Jennie အပြောကြောင့် Jisoo
နှုတ်ခမ်းခပ်ဟဟဖြစ်သွားသည်
သဘောကျသည်ဆိုသည့်စကားကိုဘယ်လို
ရည်ရွယ်ချက်နှင့်ပြောလိုက်သည်ကိုတော့သူ
သေချာမသိ
အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ
ပြုံးလိုက်ပြီး

"မင်းကတော်တော်ပွင့်လင်းတာပဲ"

"နှစ်ဆယ်ရာစုမှာမွေးတဲ့
မိန်းကလေးပဲ သဘောကျတာ
ကိုပွင့်ပွင့်လင်းလင်းပြောတာမဖြစ်သင့်ဘူး
လား ဆယ့်ကိုးရာစုမှာပဲထားပါတော့
ကိုယ်ကြိုက်တာကိုကြိုက်ကြောင်းမပြော
ရဲရအောင် ရှင်ရောကျွန်မရောက
စည်းစနစ်တွေစောင့်ထိန်းနေရတဲ့တော်ဝင်မိ
သားစုဝင်တွေလဲမဟုတ်ဘူး"

"မင်းကတော့ တော်ဝင်မိသားစုနဲ့ပက်သက်နေ
သေးတယ်လေ "

Jisoo စကားကြောင့် ဒီတစ်ခါနှုတ်ဆိတ်သွားရသူ
ကJennie ဖြစ်နေသည်

"ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုသဘောကျတာကို
မကြိုက်တဲ့လူတော့မရှိဘူးမလား
ရှင်ကောသဘောမကျဘူးလား"

Jisoo ကဘာမှပြန်မပြောပဲထိုင်နေရာမှထသွား
သည်
Jennie ကသူ့နောက်မှတကောက်ကောက်
လိုက်ကာအဖြေ
မသိရမချင်း ထပ်၍ထပ်၍မေးနေသည်
သူ့ရင်ထဲရှိသည့်အတိုင်းအဖြေပေးလိုက်ရင်ဒီ
မိန်းကလေးမျက်နှာသုံမှုန်သွားမှာအမှန်ပင်

"ကိုယ့်ကိုသဘောကျတာကိုလူတိုင်းကကြိုက်
တတ်ကြလို့လား"

"မကြိုက်တဲ့သူရှိလို့လား
ကိုယ့်ကိုမုန်းနေတာမှမဟုတ်တာ"

"ငါတော့မကြိုက်ဘူး"

ကောင်တာပေါ်ကစာအုပ်ကိုရည်ရွယ်ချက်
မရှိလှန်လှောနေရင်းမှပြန်ဖြေလိုက်တော့
Jennie မျက်နှာဟာထင်ထားသလိုပင်
မှုန်ကုပ်သွားသည်

"ရှင်ကတော်တော်နားလည်ရခက်တဲ့လူပဲ"

"ဒါဆိုဘာလို့ငါ့ကိုသဘောကျလဲ
ငါ့အကြောင်းမင်းသေချာသိလို့လား"

BeliefTempat cerita menjadi hidup. Temukan sekarang