725 117 8
                                    

လမ်းပေါ်ကျသွားတဲ့ငွေစက္ကူတွေကိုငုံ့ကြည့်ပြီး
Jennie မျက်နှာကိုပြန်ကြည့်လိုက်သည်
သို့သော်သူမပြောသလိုပါးပြင်ထက်ရောက်လာ
ခဲ့တာကနူးညံ့တဲ့အနမ်းတစ်ပွင့်မဟုတ်ခဲ့ပေ

"ဖြန်း...."

ပါးပြင်ထက်ကပူခနဲခံစားချက်နှင့်အတူ
Jennie နှုတ်ဖြားကတီးတိုးရေရွတ်သံ
ကိုလဲကြားလိုက်ရသည်

"ရှင့်ကိုစိတ်ပျက်မိတယ်"

Jennie ကသူ့မျက်ဝန်းတွေကိုစိုက်ကြည့်ကာ
ပြောသည်
ထို့နောက်သူမကရုန်းရင်းဆန်ခက်ဖြစ်ရာနေရာ
သို့သွားဖို့ကြိုးစားတော့ Jisoo သူမလက်ကို
လှမ်းဆွဲကာ

"ငါပြောနေတယ် Jennie မင်းပြန်လိုက်တော့
ဒီကကိစ္စကိုငါဖြေရှင်းလိုက်မယ်"

"ဘယ်လိုပုံမျိုးနဲ့ဖြေရှင်းမှာလဲ"

Jennie ကသူ့ကိုပြန်မေးသည်
Jisoo သူမလက်ကိုပြန်လွှတ်ပေးလိုက်ကာ

"အရင်ဆုံးမင်းပြန်လိုက် ဒီနေရာကမင်းရှိနေ
ရမယ့်နေရာမဟုတ်ဘူး သွားတော့"

"ဟိုမိန်းကလေးကကောဒီနေရာမှာရှိသင့်နေ
လို့လား"

"ငါ့နည်းငါ့ဟန်နဲ့ဖြေရှင်းမှာမလို့ မင်းသာဂရု
စိုက်ပြန် ဒီနေရာမှမင်းရှိနေရင် နှောင့်နှေး
တယ် နားလည်လား မင်းကိုနောက်ယောင်ခံ
လိုက်နေတဲ့သူတွေအခုချိန်ထိပေါ်လာသေး
လို့လား"

Jennie တစ်ချက်တွေဝေသွားချိန်စစ်သား
တွေကသူမတို့ကိုလှမ်းအော်ပြန်သည်

"ဟေ့...ဥာဏ်များမယ်လို့တော့မကြံနဲ့နော်"

Jisoo သူတို့ဘက်ကိုကြည့်နေရင်းက

"မြင်လား...မင်းစစ်ဦးစီးချုပ်သမီးဆိုတာ
သူတို့မယုံကြဘူး မင်းအဖေကနောက်မှ
အာဏာပြမှာ မင်းကအရင် သူတို့သား
ကောင်ဖြစ်သွားလိမ့်မယ် "

Jennie မျက်လုံးတွေအရောင်ပြောင်းသွား
ပြီးစိုးရိမ်စိတ်ဝင်လာသည်

Jisoo လက်ကို ဆုပ်ကိုင်လိုက်ပြီး

"ရှင်ကကော..."

"ငါ့ကိုအာရုံမထားနဲ့ အဲ့မိန်းကလေးကိုငါရအောင်
ပြန်ခေါ်လာခဲ့မယ် မင်းကားဆီရောက်အောင်
ပြန်တော့ "

BeliefDonde viven las historias. Descúbrelo ahora