794 127 5
                                    

ဒီနေ့တော့ Jisoo သူ့အဒေါ်အိမ်ကို
မနက်စောစောထဲကရောက်နေသည်
အကြောင်းအရင်းကတော့ ဒေါ်လေးခေါ်လို့ပါပဲ
မနက်အစောကြီးထဲကလူလွှတ်ပြီးခေါ်ခိုင်း
သည်
အိမ်တံခါးလာခေါက်တော့ Jisoo မျက်နှာပင်
မသစ်ရသေး
လာခေါ်သည့်လူကိုကားထဲကစောင့်ခိုင်းကာ
မျက်နှာမြန်မြန်သွားသစ်ရသည်

မနက်စာစားဖို့အတွက်ထမင်းစားခန်းထဲက
စားပွဲမှာထိုင်နေကြတုန်း အိမ်ရှေ့ကကားရပ်
သံကြောင့် ဒေါ်လေးကထိုင်နေရာမှထကာ
အိမ်ရှေ့သို့အပြေးတပိုင်းထွက်သွားသည်

အရင်နေ့တွေလိုပဲ သူ့အသိတွေလာသည်ဟု
ထင်ကာ Jisoo ကတော့ထိုင်ရာကမထပဲ
မနက်စာစားနေလိုက်သည်

ဦးလေးကအိမ်အပေါ်ထပ်ကဆင်းလာပြီး

"မမလေး မနက်စာစားပြီးပြီလား"

မမလေးဆိုသောနာမ်စားကြောင့်Jisoo
သောက်လက်စနွားနို့တွေပြန်ထွက်မလို
ဖြစ်သွားသည်

နွားနို့ခွက်ကိုစားပွဲပေါ်ပြန်ချလိုက်စဉ်

"အိမ်မှာဆို မမလေး လို့မခေါ်ပါနဲ့ဆို
မစားရသေးဘူး ဒေါ်လေးဆီမှာစားချင်လို့
အိမ်ကဘာမှစားမလာခဲ့ဘူး မေမေကတောင်
သူရောက်နေတာကိုမနက်စာအတူစားမသွား
လို့တဲ့ Jen ကိုစိတ်ကောက်နေတယ်"

ကိုယ့်အဒေါ်ကိုပင်သူမကဒေါ်လေးဟုခေါ်နေ
သေးသည်
ဦးလေးကိုလဲ မမလေးလို့မခေါ်ဖို့ပြောနေသည်
ထိုသို့ ခေါ်ဝေါ်ရလောက်အောင်ထိဘယ်တုန်းက
ရင်းနှီးသွားကြတာပါလိမ့်
အရင်စစ်ဦးစီးချုပ်တွေရဲ့သမီးတွေသာဆို
ထိုသို့ခေါ်ဝေါ်ဖို့လုံးဝမဖြစ်နိုင်ပေ
သူမပြောပုံအရ အမေဖြစ်သူရောက်နေတာ
ဖြစ်လိမ့်မည်

"ဒေါ်လေးရအောင်ပြောပေးနော်"

အနောက်ဘက်နားကတီးတိုးပြောသံနှင့်အတူ
ရေမွှေးနံသင်းသင်းပါရလိုက်ပြီး
သူနှင့်မျက်နှာချင်းဆိုင်ဘက်ကို
ရောက်လာသော Jennie က
အပွင့်အခက်တွေပါသောပန်းနုရောင်
ဖဲသားဂါဝန်ရှည်အပေါ်ကထပ်ဝတ်လာသော
ကုတ်အင်္ကျီအရှည်၊ဇာလက်အိတ်နှစ်ဖက်
နှင့်ဦးထုပ်ကိုချွတ်ကာ အိမ်အကူ
ကောင်မလေးကိုပေးလိုက်သည်
ခုံမှာထိုင်ဖို့ဂါဝန်နောက်ကိုလက်ဖြင့်ခါးနား
ကနေသပ်ချနေတုန်း

BeliefTempat cerita menjadi hidup. Temukan sekarang