756 120 7
                                    

"ကိုရီးယားစာဘာကြောင့်လေ့လာဖြစ်လဲမသိချင်
ဘူးလား"

Jisoo သူ့ရှေ့မှာထိုင်ပြီး စာငုံ့ရေးနေတဲ့သူမကို
ကြည့်လိုက်သည်
Jennie ကစာရေးနေရာမှသူ့ကိုတစ်ချက်မော့
ကြည့်လာပြီးနောက် ခေါင်းပြန်ငုံ့သွားကာ
စာကိုဆက်ရေးနေရင်းမှ

"ကျွန်မကဘာသာစကားတွေလေ့လာရတာ
ဝါသနာပါလို့လေ"

Jisoo ခေါင်းတညိတ်ညိတ်ဖြင့်လုပ်နေသည်
Jennie က စာရေးပြီးသွားတာကြောင့် ခဲတံ
ကိုစားပွဲပေါ်သို့ ချလိုက်ပြီး
စာအုပ်ကို Jisoo ဘက်သို့တွန်းပေးသည်

"ပြီးတော့ကိုရီယားကိုရောက်တုန်းအခွင့်အရေး
ရတာနဲ့သင်ဖြစ်သွားတာ
ကျွန်မရေးထားတာမှန်ရဲ့လား ဆွဲနည်းတွေ"

Jisoo ကသူမလက်ရေးကိုစစ်ဆေးကာခေါင်း
ညိတ်ပြလိုက်သည်

"မှန်တယ် "

"မှန်ရင်ချောကလက်ကျွေး"

သူ့မျက်နှာရှေ့ရောက်လာတဲ့ဇာလက်အိတ်စွတ်
ထားသောလက်သေးသေးလေးနှစ်ဖက်
လက်ဝါးဖြန့်ထားကာ Jisoo ဆီကချောကလက်
တောင်းနေသည်
Jisoo က သူမလက်လေးနှစ်ဖက်ကိုငုံ့ကြည့်ပြီး
နောက်သူမမျက်နှာကိုတစ်ချက်ကြည့်လိုက်သည်

"ရှင်ဟိုဦးလေးကြီးကိုချောကလက်ပေးလိုက်
တယ်မလား
ကျွန်မကိုလဲပေးသင့်တာပေါ့ စာကြိုးစားထား
တာကို"

Jisoo ဘာမှပြန်ပြောမနေပဲ အံဆွဲထဲကချောကလက်
တစ်တောင့်ကိုယူကာသူမလက်ထဲထည့်ပေးလိုက်
တော့ Jennie ကကျေနပ်သွားဟန်ဖြင့်သူ့ကိုရယ်
ပြနေသည်
Jisoo ပြန်ရယ်မပြဖြစ်ပဲမျက်နှာလွှဲလိုက်သည်
Jennie ကချောကလက်တောင့်ကိုလက်ကိုင်အိတ်
ထဲထည့်လိုက်ပြီး

"ကျွန်မဒီကိုရောက်တာ အခုထိ
သူငယ်ချင်းမရ​သေးဘူး ရှင်ကျွန်မသူငယ်ချင်း
လုပ်ပေးပါလား ကျွန်မရှင်နဲ့သူငယ်ချင်းဖြစ်ချင်
တယ်"

"ငါကသူငယ်ချင်းမထားဘူး"

Jisoo ကချက်ချင်းပြန်ဖြေတာကြောင့် Jennie
နှာခေါင်းရှုံ့လိုက်ပြီး

"ဒါဆို ဟိုဦးလေးကြီးကကော သူနဲ့ကျသူငယ်ချင်း
လုပ်ပြီးတော့"

BeliefDonde viven las historias. Descúbrelo ahora