သွန်းလျှံ မြစ်သွယ်
🌸pann
Part (17)
" ဘုမ်း.. "
ကြည့်နေတဲ့ ဖိုင်တွဲကို စိတ်ရှုပ်ရှုပ်နဲ့ ပိတ်ချပစ်လိုက်သည်.. ။
မနေ့က ရင်ခံနေတဲ့ကိစ္စကို ဒီနေ့ရှင်းမယ်တွေးထားတာ.. ခုပိုတောင်ရင်ခံနေတဲ့ပြင် ဒေါသအလိပ်လိုက်ထွက်နေတာ ။
ဒါကစောနကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်..
သွန်းဆက်မိုး က မနေ့ကတွေ့တဲ့ကောင်နဲ့ကားအတူစီးပြီး ထွက်သွားတယ်တဲ့.. ။
ရုံးအစောဆင်းတတ်တာ သိပေမယ့်လည်း ခုလို ယောက်ျားတစ်ယောက်နဲ့ ပါသွားတတ်တာက ပထမဆုံး.. ။
အရင်က သူ့ဘေး ယောက်ျားလေးဆိုတာ ရှိမှမရှိခဲ့တာ.. ခုတော့ပထမဆုံး မြင်လိုက်ရတော့ ရင်ထဲစိုးထိတ်ပြီးလုပ်ငန်းတွေလည်း လုပ်ရကိုင်ရအဆင်မပြေနေတော့ ။
ဒေါသလည်းအလိုလို ထွက်ပြီး စိတ်တွေဆတ်နေတာ..
စောနက ဝင်လာတဲ့ ရုံးဝန်ထမ်းမလေးကိုတောင် အပြစ်မရှိပေမယ့် ဟောက်လိုက်မိသေးတာ..။
ဟင်း.. ကိုယ်တော့ ရူးနေပြန်ပြီလား
.
မိုး လိုက်သာလိုက်လာရတယ်.. လိုက်လာချင်လွန်းလို့တော့မဟုတ် ။
" နောက်ဆို မိုးကို လာမကြိုပါနဲ့.. ကိုယ့်ဘာသာသွားလည်းဖြစ်တယ် တစ်ချိန်လုံးလည်းမိုးဒီလိုပဲလုပ်လာတာ အဆင်ပြေတယ် "
ကြိုတားထားမှပါလေ.. ။
မဟုတ်ရင် နေ့ရက်ဆက်တိုင်း ရောက်ရောက်လာရင်ခက်ရချည်သေးရဲ့.. ။
ဒီနေ့တောင်သူနဲ့အတူလိုက်လာချင်တာမဟုတ်..
" သွန်းနဲ့တွေ့ချင်လို့ အကြောင်းပြချက် ရှာလာတာတစ်ခုပဲ.. နောက်ရက်ကျနောက်အကြောင်းပြချက်ပေါ့ "
ဟင်း.. မိုးကိုဆို အသက်ရှူ ကြပ်အောင် အမျိုးမျိုးလုပ်တတ်တာလည်းသူပဲ ။
စိတ်ရယ်ရှုပ်ရပါ့..
" တွေ့စရာ အကြောင်းလည်း မရှိပါဘူး.. "
" ဘာလို့မရှိရမှာလဲ.. တွေ့ရမယ့်အကြောင်းတွေ ထုတ်ပြောရရင်ကုန်တောင်ကုန်ပါ့မလား "
YOU ARE READING
သွန်းလျှံ မြစ်သွယ်
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...