သွန်းလျှံ မြစ်သွယ်
🌸pann
Part (19)
ထုံးစံအတိုင်း မနက်မိုးလင်းတာနဲ့ မိုး အလုပ်ရှုပ်နေရပြီ.. ။
ချစ်စုနဲ့မနက်စာပြင်နေတဲ့ချိန်..
" မိုးရေ.. "
စွဲငင်တဲ့အသံလေးနဲ့ မိုးအနားရောက်လာတဲ့မနွယ်..
" ဒီမှာ ရော့.. ဖိတ်စာ "
ကမ်းပေးလာတဲ့ ဖိတ်စာကို အသာလှမ်းယူရင်း..
" ဝင့်ဝါ.. "
" ဟုတ်ပါ့.. ဝင့်ဝါက ပွဲလေ "
ခုံမှာ အသာလေးဝင်ထိုင်လိုက်တဲ့ မနွယ်.. ။
ပြီး ကော်ဖီခွက်လေးထဲ ကော်ဖီငှဲ့ထည့်ကာ..
" မိုး သိတယ်မလား.. ဦးတင်ခိုင်ကို "
" မိုး သိပါတယ်.. "
" အွန်.. ဒီညနေ မိုးပဲ သွားလိုက်ပေါ့ မင်းဖြိုးကိုတောင် မနွယ် ခေါ်ထားပေးပြီးပြီ "
" ရှင်.. သူ့ကိုရော ခေါ်ထားတာလား "
" အင်းလေ.. မိုးနဲ့နှစ်ယောက်အတူ ပွဲတက်ရအောင် မနွယ် ခေါ်ထားပေးတာ ဘာဖြစ်လို့လဲ "
မိုးရဲ့ကိစ္စကို ဝင်ထိန်းဖို့ ကြိုးစားပြန်ပြီလား မနွယ်.. ။
ရင်ထဲမှာသိမ်းလိုက်ရင်း..
" မိုး သွားအား မအား မမေးထားတော့.. "
" ဘာမအားစရာရှိလို့လဲ မိုးရဲ့.. ရှိရင်လည်း ခဏနောက်ဆုတ်ပစ်ပေါ့ ဒါပေမယ့်ပွဲကလည်းညပွဲပါ အလုပ်လုပ်ချိန်မှမဟုတ်ဘဲ "
" မနွယ်ပဲ သွားလိုက်ပါလား.. "
မိုး လက်ထဲက ဖိတ်စာကို မနွယ်ဆီ ပြန်တိုးပေးပေမယ့်..
" ဖိတ်စာရကတည်းက မိုးကိုပဲ လွှတ်လိုက်မယ်တွေးထားတာ.. မိုးကဘာတွေအဆင်မပြေတာရှိနေလို့လဲ "
" သားတွေက.. "
" သားတွေကို မနွယ်နဲ့ ချစ်စု ကြည့်ထားပေးလည်း ရပါတယ် မိုးရယ်.. ဘာမှနောက်ဆံတင်းမနေနဲ့ တော်တော်ကြာမှ အပျိုဆိုဒ်သွင်းရတာပဲ မိုးနေရာမှာမနွယ်သာဆို ပျော်ပျော်ကြီးသွားနေပြီ "
YOU ARE READING
သွန်းလျှံ မြစ်သွယ်
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...