သွန်းလျှံ မြစ်သွယ်
🌸pann
Part (37)
" ဒါက ဘာသဘောလဲ.. "
တာဝန်ယူထားတဲ့ ပရောဂျက်ပြီးသွားပြီမို့ NH မှာ လာမဆင်းတော့ပါဘူးတဲ့.. ။
DS ကို သွားရှာတော့လည်း သွန်းဆက်မိုးဆိုတဲ့သူက DS မှာလည်း အလုပ်မလုပ်ပြန်ပါဘူးဆိုပဲ..။
ကျစ်.. ခင်ဗျားနဲ့တော့ ။
လုပ်ငန်း အိမ် ပိုင်ဆိုင်မှုတွေအားလုံးကို ဒီလိုပဲလက်လျှော့နေတော့မှာလား.. ။
ဟိုမိန်းမလက်ဝါးကြီးအုပ်ထားသမျှ ငြိမ်ခံနေမှာလား.. ။
ကျစ်.. ဒါတွေကြောင့် ခင်ဗျားကို စိတ်မချတာပဲ ။
ခုရောဘယ်နေရာမှာ ဘာလုပ်နေတယ်မပြောတတ်ဘူး.. ။
' အခုတော့နေထားအုံးပေါ့.. အားလုံးပြီးရင် ခင်ဗျားနဲ့ အပီပြင်တွေ့ကြပြီပဲ '
.
" မြတ်စု.. ဟိုဘက်ဆိုင်ခန်းက ရောင်းမှာဆိုဟုတ်လား "
ပန်းဆိုင်နဲ့နည်းနည်းအလှမ်းကွာနေတော့ မြတ်စုကိုသာ မသိတာပြန်မေးနေရသည်.. ။
" ဟုတ်တယ် မမ.. "
" ဘယ်လောက်လောက် ဆိုထားလဲ "
" သုံးဆယ့်ငါးဆိုလား.. "
" ဟုတ်လား "
" မမ ဘာလုပ်မလို့လဲ.. "
" မမတို့ဆိုင် ချဲ့ရမလားလို့ "
" ကောင်းသားပဲ မမရဲ့.. တဖြေးဖြေး လူသိများလာတော့ အမှာတွေတော်တော်ဝင်တယ် မြတ်စုတို့များများသိုလှောင်ဝယ်ထည့်ထားရမယ် "
" မြတ်စုအမြင်ရော ဟိုဘက်ဆိုင်ခန်း ဘယ်လိုသဘောရလဲ.. "
" ဟိုဘက်ဆိုင်ခန်းက နည်းနည်းပိုကျယ်မယ်.. ပြီးတော့အလင်းလည်းကောင်းကောင်းရတယ် သူ့ဈေးနဲ့တော့တန်ပါတယ် "
" အွန်.. ဆိုင်ချဲ့ဖို့ အကောင်ထည် ဖော်ကြတာပေါ့ "
ဆိုင်ထပ်ချဲ့ဖို့ တွေးကတည်းက သွန်းမှာ အားလပ်ချိန်များများမရ.. ။
မေ့မရတဲ့စိတ်ကို အလုပ်တွေနဲ့ ဖိလုပ်ထားလိုက်သည်.. ။
ဒါတောင်ခဏအနားရနေချိန်ဆို..
YOU ARE READING
သွန်းလျှံ မြစ်သွယ်
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...