Part 12😻

68 7 6
                                    

Zawgyi

"အားလင် "

ကျင်းရီ ကားမောင်းရင်း
ခေါ်လိုက်သည်...

"ဟမ်"

"ကော သငယ်ချင်း စစ်ကျွေး ကို
ဘလိုမြင်လဲ"

ကျင်းရီ မေးလိုက်သည်...

ကျင်းလင် သူ့အကို ရူးသွားပီ
ထင်သည် လူကိုလူလိုပဲမြင်တာပေါ့...

"ဘလိုမြင်ရမှာလဲ ဘလိုမှ
မမြင်ပါဘူး သူက ချောတယ်လေ"

ချောတာတော့ သူပြောမှပဲသိတော့တယ်
ကိုယ်တေက မျက်လုံးကန်းနေတာကျလို့...

"အက်လို ပြောတာမဟုတ်ဘူးလေ
အိမ်ထောင်ဘက်အနေနဲ့ဆိုရင်
သင့်တော်လားလို့ "

ကျင်းလင် သိသလောက်တော့...

"သင့်တော်မှာပါ သူကတော်တော့
အိမ်ထောင်ဦးစီးကောင်း တယောက်
ဖြစ်မှာပါ"

"ဟုတ်လား "

ဟုတ်တယ် လူတေကို
ချေမိုးနေတာက လွဲလို့ပေါ့...

"အင်း ဒါပေမယ့် အရမ်းချေတော့
သူ့ကို ယူမဲ့သူ မရှိလောက်ဘူး
သနားစရာပဲ"

ကျင်းရီ ရီလိုက်မိသည်
တကယ် စစ်ကျွေး ကို ကြိုက်တဲ့
မိန်းခလေးများပေမဲ့ သူတို့တေက
သူ့ကို လက်ထက်ဖ်ို့အထိ မတွေးကြပေ
ဘာလို့လဲ ဆိုရင်တော့ သူက
တနိုင်ငံလုံးသူ့လုပ်စာစားနေကြသလို
ချေမိုးနေပီး မိန်းခလေးတေဆို
ရှိသည်ဟုပင် မထင်တာမို့...

အဲ့လိုလူမျိုးကို သူက သနားနေ...

"သနားရင် မင်းယူလိုက်ပါလား"

ကျင်းရီ စကားကြောင့် ကျင်းလင်
ရှက်ရမ်းရမ်းကာ ပြောမိပြောရာ
လျှောက်ပြောတော့သည်...

သူပြောလိုက်တာတေက
တလွဲ...

"အာ ဘာတေပြောနေတာလဲ
ဒါပေမယ့်လဲ စဉ်းစားကြည့်တော့
မဆိုးပါဘူး"

ကျင်းရီ မျက်ခုံးပင့်လိုက်ကာ...

"ဘာဖြစ်တယ် အမှန်တိုင်းပြောစမ်း
မင်း စစ်ကျွေး ကို စိတ်ဝင်စားနေတာလား"

ကျင်းလင် မသေခြာပါ
ဟိုက သူ့ကို ဒီ ကမ္ဘာမှာ
ရှိတာတောင် သိရင်ကံကောင်း...

အခွင့်သင့်တုန်း(အခြင့္သင့္တုန္း)😺Where stories live. Discover now