Zawgyi
ကျန်းယမ်လီ အားချင်းက
ဆေးရုံ နားက ကော်ဖီဆိုင် မှာ
သူနဲ့ ဇီရွှမ်း နဲ့ ကို လူကြီးတွေ
အတင်းပေးစားလို့ လက်ထက်ခဲ့ပေမဲ့
ခန်းမက အပြန်မှာ ဇီရွှမ်းနဲ့ အားချင်း
တိုင်ပင်ထားတဲ့အတိုင်း အားချင်း က
စုန်လန် နဲ့ ကိုရီးယားကို ထွက်ပြေးကြပီး
ပြန်ရောက်တာ မကြာသေးကြောင်း...သူ့ကိုလဲ အခုထိလိုက်ရှာနေတုန်း
ဖြစ်ပီး ဇီရွှမ်း က ကျင်းအိမ်တော်နဲ့ လဲ
မပတ်သက်တော့ကြောင်းကို
ပြောပြတာမို့...ဝမ်းသာရသလို ဝမ်းလဲနဲမိပြန်တယ်
သူကလိုက်ရှာနေသော်လည်း
ကိုယ်က ပုန်းရှောင်နေခဲ့တာမလား...ထိုဝမ်းနည်းမူ့တို့နေရာမှာ
အစားထိုးဝင်ရောက်လာတာက
စိုးရိမ်မူ့ နဲ့ ဒေါသတွေ အားလင် က
သွေးကင်ဆာ ပထမအဆင့်တဲ့လား...သားဖြစ်သူကို စိုးရိမ်သလို
မိမိကိုယ်ကို လဲ ဒေါသထွက်မိသည်...ဟုတ်တယ် သူ အလုပ်ကိုပဲ
လုပ်နေလို့ အားလင်ကို ဂရုမစိုက်မိတာ
အားလင်မျက်နာ မငယ်ရအောင်
လိုအပ်တာမရှိအောင် ထားချင်ခဲ့တာ...ဒါပေမယ့် တကယ် လိုအပ်နေတဲ့
အရာကိုမမြင်ခဲ့တဲ့ ကိုယ့်ကိုကိုယ်
စိတ်တိုပီး သားဖြစ်သူ ရှိတဲ့ အခန်းကို
အပြေးပြန်လာခဲ့တာ...အခန်းဝရောက်တော့ ကြားလိုက်ရတဲ့
စကားတေကြောင့် ဒေါသကပို ပီး
ထွက်လာမိသည်...အလုပ်လုပ်နေတယ်တဲ့လား
ချစ်လွန်းလို့ အိမ်မှာတောင်
ဘာမှမခိုင်းရက်ခဲ့တာကို..."သွေးကင်ဆာ "!
အခန်းဝက နေတလုံးချင်း
ပြောရင်းဝင်လာတဲ့မားက
ဘလောက်စိတ်ဆိုးနေလဲ
သိသာပါသည်..."မား"
"ဘာဖြစ်လို့လဲ ဘာလို့လဲ
ဘာလို့ မားကို မပြောပြခဲ့တာလဲ
အစကတည်းက သိနေသားနဲ့
ဘာလို့မပြောပြခဲ့တာလဲ"!စိတ်ဆိုးကာ အော်မေးမိသည်
သိနေရဲ့သားနဲ့ မပြောပြခဲ့တဲ့
အားလင်ကို သူစိတ်ဆိုးသင့်တယ်
မလား ဒီသားမိလေး နှစ်ယောက်ထဲ
ရှိတာကို သူ့ကိုမပြောရင် ဘသူ့ကို
ပြောပြမလဲ...
![](https://img.wattpad.com/cover/279705195-288-k793258.jpg)
YOU ARE READING
အခွင့်သင့်တုန်း(အခြင့္သင့္တုန္း)😺